Friday, May 16, 2008

မြန်မာ့သတင်းအထွေထွေ



- တရုတ်ငလျင်တွင် သေဆုံးသူ ၅ဝဝဝဝ ထိရှိနိုင်ဟု အစိုးရသတိပေး Read
- နအဖ လူထုဆန္ဒခံယူပွဲ ရလဒ်အပေါ် သူတို့ သဘောထား Read
- နာဂစ်ဒဏ်ခံ မြစ်ဝကျွန်းပေါ် သွားရေး အီးယူ ကူညီပေးရေး ကော်မရှင်နာ ဖိအားပေး Read
-မန်မာအစိုးရ၏တုံ့ပြန်မှု 'အလွန့်အလွန် လိုအပ်နေသေးသည်' ဟု ဘန်ကီးမွန်ပြော Read
- ကုလသမဂ္ဂစစ်တပ် မြန်မာနိုင်ငံတွင်းဝင်ပြီး ဒုက္ခသည်များကို ကူညီခွင့်ရှိဟု ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးပြော Read
- မြန်မာစစ်တပ်ကိုယ်တိုင် နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများ ခိုးဝှက်နေ Read
- မုန်တိုင်းဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေး နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ လိုအပ်ဟု ကုလသမဂ္ဂပြော Read
- အနုပညာသည်များ ကူညီထောက်ပံ့မှု အရှိန်အဟုန်ကောင်း၊ အချို့နေရာတွင် နှောင့်ယှက်ခံရ Read
-
မန္တလေးရှိ အထင်ကရ ဆရာတော်ကြီးများ လေဘေး အလှူအတွက် ဦးစီး Read
-
လေဘေးသင့် ဒုက္ခသည်များကို အမြန်ဆုံးကူညီရန် ပြည်ပရောက် မြန်မာများ နှိုးဆော် Read
- လပွတ္တာမြို့မှဒုက္ခသည် ကလေးငယ်(၃၀၀)
ကျော်ကို စစ်တပ်က ခေါ်ဆောင်သွားခဲ့ Read
- ဒုက္ခသည်များ ယာယီတဲများထိုးပြီးနေရ အကူအညီမလာ၍ အခက်အခဲနှင့်ကြုံတွေ့နေ Read
- မအူပင်ကိုမလိုက်ချင်၍
ဘိုကလေးဒုက္ခသည်များရှောင်ပုန်းနေကြ Read
- ဖွဲ့စည်းပုံကို ပြည်သူတွေ တခဲနက်ထောက်ခံကြောင်း စစ်အစိုးရ ကြေညာ Read
- စစ်အစိုးရကြေညာချက် တရားမ၀င်ကြောင်း အန်န်အယ်လ်ဒီ ငြင်းဆို Read
- မုန်တိုင်းကြောင့် ဒုတိယကပ်ဆိုးကြီး ကြုံရနိုင်ခြေ နိုင်ငံတကာကြက်ခြေနီ သတိပေး Read
- မြောင်းမြရောက် ဒုက္ခသည်များကို မဲပေးရေးအတွက် ရွာပြန်ပို့မည် Read
- No second cyclone but heavy rains threaten Burma Read


ဆက်လက်ဖတ်ရှုပါရန်...

Thursday, May 15, 2008

မြန်မာနိုင်ငံရှေ့နေများကောင်စီမှ သဘောထားထုတ်ပြန်ကြေညာချက်

ဆက်လက်ဖတ်ရှုပါရန်...

မျိုးချစ်ဘလော့မှ သတိပေးချက်

Read this doc on Scribd: National emergency warning

ဆက်လက်ဖတ်ရှုပါရန်...

အကူအညီများကို ၀က်ဦးခေါင်းဖြင့် စဉ်းစားလက်ခံနေသည်ဟုဆို

ရိုးမ(၃)မှ ကူးယူဖော်ပြသည်။

မြန်မာစစ်အစိုးရသည် လေဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများထံ ပေးပို့နေ သော လူသားချင်းစာနာသည့် ကူညီထောက်ပံ့မှုများကို ၀က်ဦးခေါင်းဖြင့်စဉ်းစားကာ လက်ခံနေ သည်ဟု ဂေဇက်(Post Gazette)သတင်းစာက ရေးသားလိုက်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ငလျင်ဒဏ်ခံခဲ့ရသည့် တရုတ်နိုင်ငံအစိုးရက ပြည်သူများအပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်လုပ်ဆောင်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ကာ အဆိုပါ သတင်းစာက ရေးသားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် (မစ္ဆိယစိတ်)မိမိမှလွဲ၍ အမြဲမလိုမုန်းတီးစိတ်ထားသည့် စစ်ဗိုလ် ချုပ်များသည် နိုင်ငံတကာမှ ကူညီနေမှုများကို တာဝန်မရှိသလို ဆက်ဆံကာ လျစ်လျူရှုနေခြင်း သာ အကောင်းဆုံးဖြစ်သည်ဟု ယူဆနေခြင်းသည် လူသားများကို ပိုမိုသေစေသည့်အတွက် အဆိုးဆုံးဖြစ်နေသည်ဟု ရေးသားဖော်ပြထားသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်ရင်းများက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက် စီးခဲ့သည့် အလွန်ဝေးကွာပြီး လမ်းပန်းဆက်သွယ်ရန်ခက်ခဲသည့် ဒေသများသို့ရောက်အောင် လမ်းလျှောက်ချီတက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး မြန်မာစစ်အစိုးရက တော့ ကမ္ဘာ့အကူအညီများကို လက်ခံလိုပြီး ကယ်ဆယ်ရေးလုပ်သားများကို လက်မခံဘဲ ပြည်ပအကူအညီပစ္စည်းများအား မသမာ လာဘ်စားနေသည်ဟုဆိုသည်။

လက်ရှိအခြေအနေရ သာမန်မြန်မာပြည်သူများအကြားတွင် စစ်ခေါင်းဆောင်များ၏ အုပ်ချုပ်မှု သည် အချိန်တိုတိုအတွင်းတွင် ပြုတ်ကျစေလိုသည့် မေးခွန်းများ တိုးပွားလျှက်ရှိသည်ဟု ရေးသားထားသည်။

အမေရိကန်နိုင်ငံအနေဖြင့် သဘာဝဘေးဒဏ်ကျရောက်နေသည့် တရုတ်နှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များကို ကူညီရန် အဆင်သင့်ဖြစ်နေပြီး သမ္မတဘုရှ်အနေဖြင့်လည်း အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှတဆင့် ကူညီရန် စိတ်အားထက်သန်လျှက်ရှိသည်ဟု ဖော်ပြကာ မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် အကူအညီများကို ၀က်ဦးခေါင်းနှင့် စဉ်စားလက်ခံနေကြ သည်ဟု ရေးသားထားသည်။

တနင်္လာနေ့က (၇.၉) ရစ်ချက်တာစကေးပြင်ဟအားရှိသည့် ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၈,၆၄၅ သေဆုံးပြီး ၁၈,၀၀၀ ခန့်ပျောက်ဆုံးနေကြောင်း တရုတ်အစိုးရက ကြေညာခဲ့ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ သိန်းချီရှိနေ၍ သန်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ဖြစ်နေသည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောဆိုနေစဉ် စစ်အစိုးရက သေဆုံး သူ ၃၂,၀၀၀ ရှိပြီး ပျောက်ဆုံးနေသူ ၃၄,၀၀၀ ကျော်ရှိသည်ဟုသာ ထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုပါရန်...

ဆန္ဒခံယူပွဲနည်းဥပဒေကို ချိုးဖောက်၍ မဲရုံအဖွဲ့ဝင်နှင့် အာဏာပိုင်များကို လှည်းကူးမြို့နယ် ရွာသားများက တိုင်ကြား

ရိုးမ(၃)မှ ကူးယူဖော်ပြသည်။

ယခုလ (၁၀) ရက်နေ့က ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲတွင် အဓမ္မအကြပ်ကိုင်ကာ ထောက်ခံမဲ ရေးထိုးခဲ့သည့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ မဲကော်မရှင်အဖွဲ့ဝင်များကို အရေးယူ ပေးရန် ကျေးရွာသားများက လက်မှတ်ထိုးကာ မြို့နယ်ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

ကျေးရွာများတွင် မဲရုံတည်ဆောက်ခြင်းမရှိပဲ လှည်းကူးမြို့နယ်တွင်းရှိ ကျေးရွာနှစ်ရွာမှ (ရယက)၊ မဲကော်မရှင်နှင့် ရဲတပ်ဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူများအား ကြိုတင်မဲပေးရန် ဖိအား ပေးခဲ့ပြီး ထောက်ခံမဲသာထည့်ရန် ခြိမ်းခြောက်ခဲ့ခြင်းကြောင့် အဆိုပါကျေးရွာသားများက မြို့ နယ်ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာနှင့် ကျော် ဇောစုကျေးရွာတို့တွင် ယခုလ (၅) ရက်နေ့နှင့် (၆) ရက်နေ့များတွင် ထောက်ခံမဲများပေးရန် ဖိအားပေး၍ ဆန္ဒမဲများ အဓမ္မကောက်ခံခဲ့ခြင်းဖြစ်သည်။

ရေကျော်ကျေးရွာမှ ပြည်သူ ၈ ဦးနှင့် ကျော်ဇေစုကျေးရွာမှ ပြည်သူ ၁၀ ဦးတို့က လက်မှတ် ရေးထိုး၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ လိပ်မူပြီး ဗဟိုကော်မရှင်(နေပြည်တော်)၊ တိုင်းကော်မရှင်(ရန်ကုန်)၊ ခရိုင်ကော်မရှင် (အင်းစိန်)သို့ မိတ္တူပေးကာ ဆန္ဒခံယူပွဲနည်းဥပဒေကို ချိုးဖောက် ခဲ့သည့် အာဏာပိုင်များအား အရေးယူပေးရန်နှင့် လွတ်လပ်စွာဆန္ဒမဲပေးခွင့်ပြုရန် တိုင်ကြား ထားသည်။

ရေကျော်ကျေးရွာအုပ်စုမှ မဲကော်မရှင်အဖွဲ့ဝင်(၂) ဦးသိန်းဇော်နှင့် ရယက စာရေးဒေါ်ကေသီ နွယ်တို့က ယခုလ (၅) ရက်နေ့က မဲရုံဆောက်လုပ်မည်မဟုတ်ကြောင်းပြောဆိုကာ ကျေးရွာ စာသင်ကျောင်းတွင် ရွာသားများကိုဆင့်ခေါ်ကာ ၎င်းတို့၏ ရှေ့မှောက်တွင် ထောက်ခံမဲလက် မှတ်များ အဓမ္မဖိအားပေး ရေးထိုးစေခဲ့သည်။

လှည်းကူးမြို့နယ်ရှိ ကျော်ဇောစုကျေးရွာတွင်လည်း ယခုလ (၆) ရက်နေ့က အိမ်ရှင် ဦးမောင် နှောင်း၏ နေအိမ်တွင်၊ အိမ်ရှင်ဖြစ်သူဦးမောင်နှောင်းနှင့် (ရယက)အဖွဲ့ဝင်များက ရွာသားများ အား ဆင့်ခေါ်ကာ ၎င်းတို့ရှေ့မှောက်တွင် ထောက်ခံမဲများ အဓမ္မရေးထိုးခိုင်းခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် ကျော်ဇောစုကျေးရွာမှ မဲကော်မရှင်ဥက္ကဌ ဦးကြည်မိုး၊ အဖွဲ့ဝင် ဦးအေး ကြူ၊ ရယကအဖွဲ့ဝင် ဦးစံဌေး၊ ရယကအဖွဲ့ဝင် ဦးသိန်းမြင့်နှင့် ရဲတပ်သား မောင်ကျော်(ဖောင်ကြီး ရဲစခန်း)တို့အား အရေးယူပေးရန် ရွာသားများက တိုင်ကြားထားသည်။

စစ်အစိုးရအနေဖြင့် ယခုလ (၁၀) ရက်နေ့တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ မုန်တိုင်းဒဏ် ခံခဲ့ရသည့် ၄၇ မြို့နယ်မှလွဲ၍ ဆန္ဒခံယူပွဲကိုကျင်းပခဲ့ရာ မဲရုံအသီးသီးတွင် နည်းအမျိုးမျိုးဖြင့် မဲဆန္ဒရှင်ပြည်သူများအား ဖိအားပေးခြိမ်းခြောက်ခြင်းများ၊ ထောက်ခံမဲများ အဓမ္မထိုးခိုင်းခြင်း များကို ပြုလုပ်ခဲ့ရာ ယခုအခါ လှည်းကူးမြို့နယ် ကျေးရွာသားပြည်သူများက ဆန္ဒခံယူပွဲ နည်း ဥပဒေအား ချိုးဖောက်သူများကို ယခုလ (၆) ရက်နေ့က တိုင်ကြားလိုက်ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုပါရန်...

Wednesday, May 14, 2008

မြန်မာ့သတင်း၊ ကမ္ဘာ့သတင်း

မုန်တိုင်းဘေးသင့်ပြည်သူများကို ဥပေက္ခာပြုသည့် မြန်မာစစ်အစိုးရကို ကမ္ဘာ့ခေါင်းဆောင်များ ရှုပ်ချ Read More


လေဘေးသင့် ဒုက္ခသည်သစ်များတိုးလာ၊ အကူပစ္စည်းများ အာဏာပိုင်တို့ ပိတ်ဆို့နေဆဲ Read More

Prime Minister Samak leaves for Burma Read More

China quake: '12,000 dead, tens of thousands buried' Read More

King urges Thais to help Burma cyclone victims Read More

Red Cross describes grim towns in Myanmar's cyclone zone Read More






ဆက်လက်ဖတ်ရှုပါရန်...

မြန်မာ့သတင်းအထွေထွေ

မုန်တိုင်းဘေးကယ်ဆယ်ရေး ဥရောပသမဂ္ဂ နည်းမျိုးစုံ ကူညီနိုင်ဖို့ ဆွေးနွေး Read More

ကယ်ဆယ်ရေး နှောင့်နှေးလို့ လေဘေးဒုက္ခသည်တွေ ရောဂါကပ်ဆိုး ထပ်ကြုံရနိုင် Read More

နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ စစ်အစိုးရ လက်မခံ Read More

လေဘေး ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်း တချို့ လမ်းဘေးဈေးရောက် Read More


ဒုက္ခသည် ကယ်ဆယ်ရေး အားတက်သရောမရှိလို့ စစ်အစိုးရကို သမ္မတဘုရ် ရှုတ်ချ Read More

ကုလသမဂ္ဂက ဆန်ကောင်းလှူသော်လည်း ဒုက္ခသည်တွေ ဆန်ညံ့တွေရနေ Read More

ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခွင့်ရဖို့ ဥရောပကောင်စီ တိုင်တွန်းမည် Read More

ဆက်လက်ဖတ်ရှုပါရန်...

မြန်မာ့သတင်းအထွေထွေ

ဘိုကလေး၌ မုန်တိုင်းဒုက္ခသည်အတွက် ပစ္စည်းကို အလွဲသုံးစားလုပ်နေ၊ အကူအညီအရေးတကြီးလိုအပ် Read More

ဒုက္ခသည်အတွက် အသက်ဆက်ရမည့် အစားတလုပ်ကို အာဏာပိုင်များ လုစားနေ Read More

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ထပ်တိုး Read More

ဆက်လက်ဖတ်ရှုပါရန်...

တပ်မှုးကြီး၊ ငယ်များသို့ ပေးစာ

ဆက်လက်ဖတ်ရှုပါရန်...

Tuesday, May 13, 2008

မြန်မာ့သတင်းအထွေထွေ

ပြည်ပအကူ လက်မခံရင် လမ်းပေါ်ထွက် ဆန္ဒပြရန် သံဃာအဖွဲ့ကြီးများ ပြောဆို Read More

ဒုက္ခသည်များကို မအူပင်မြို့သို့ ပို့ဆောင်နေ ကလေးငယ်များကျန်းမာရေးအခြေနေ ဆိုးရွားလာ Read More

ကယ်ဆယ်ရေးအဖွဲ့များရောက်နေသော်လည်း စားစရာလုံလောက်စွာပေးခြင်း မရှိ Read More

လှည်းကူးနှင့်မှော်ဘီမြို့နယ်တွင် စစ်တပ်မှ ကြိုတင်မဲများကို အရာရှိများက လက်မှတ်ထိုးခဲ့ Read More

တွံတေးမြို့နယ်တွင် NGO အဖွဲ့အနည်းငယ်ကသာ အကူညီပေးနေ ထန်းမနိုင်တွင် ကူညီမည့်သူမဲ့ Read More

အလောင်းမှပါလာသည့် လက်ဝတ်ရတနာများကို တပ်မ (၆၆)က ဖြတ်တောက်ယူ ကယ်ဆယ်ရေး ပစ္စည်းများမပေးပဲ ရောင်းချနေ Read More

ဆက်လက်ဖတ်ရှုပါရန်...

လူကြမ်းသရုပ်ဆောင်များ လေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်

ခေတ်ပြိုင်မှ ကူးယူဖော်ပြသည်။

ရုပ်ရှင်သရုပ်ဆောင် ဇော်မှိုင်း၊ အောင်ခိုင်နှင့် သတိုးစောတို့ ပါဝင်သည့် ကိုလူချော လူကြမ်း သရုပ်ဆောင်များအဖွဲ့မှ လူကြမ်းသရုပ်ဆောင် (၃၀) ခန့်တို့သည် လေဘေးကယ်ဆယ်ရေး လုပ်ငန်းများ၌ တနိုင်တပိုင် ပါဝင်ကူညီ ဆောက်ရွက်ပေးနေကြသည်။

သင်္ကန်းကျွန်းမြို့နယ် ကျိုက္ကစံ ဘုရားဝန်းနှင့် ဗဟန်းမြို့နယ်ရှိ မုန်တိုင်းဒဏ်ကြောင့် ပြိုလဲကျ နေသည့် သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းပေးလျက်ရှိကြောင်း ရုပ်ရှင်သရုပ်ဆောင် အောင်ခိုင်က ပြောသည်။

၎င်းက “ ကိုလူချောအဖွဲ့ဆိုပြီး လူကြမ်းတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့လေး ရှိပါတယ်။ လူကြမ်းသရုပ် ဆောင်တွေချည်းပဲ လိုက်ပြီးတော့ လုပ်အားဒါန လုပ်နေတာပါခင်ဗျာ။ မနက်ဖြန် အထက (၁) ဗဟန်းမှာ လုပ်အားဒါန လုပ်ပါ့မယ်။ ကျနော်တို့ကတော့ သူများတကာလို ငွေမလှူနိုင်တော့ လုပ်အားဒါနပေါ့။ လိုအပ်တဲ့ နေရာလေးတွေကို ဖြည့်ဆည်း လုပ်အားပေးပါတယ် ခင်ဗျာ။ လိုအပ်တာတော့ ရန်ကုန်တမြို့လုံးမှာ ခုထက်ထိ ရှုပ်ယှက်ခတ်နေတာပေါ့” ဟု ပြောသည်။

လူကြမ်းသရုပ်ဆောင်များသည် ပြီးခဲ့သည့်စနေနေ့က လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့ တို့သို့ ပို့ဆောင်ပေးမည့် ကယ်ဆယ်ရေးပစ္စည်းများကို လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း ဆိပ်ခံတံတားမှ သင်္ဘောပေါ်သို့ လုပ်အားဒါနအဖြစ် သယ်ပို့ပေးခဲ့ကြကြောင်း လူကြမ်းသရုပ်
ဆောင် သတိုးစောက ပြောသည်။

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသည့် ကျော်ဟိန်း၊ ဇာဂနာ၊ ကျော်သူ၊ လူမင်း၊ လွင်မိုး၊
ဝေဋ္ဌုကျော်၊ နေတိုး၊ မေသန်းနု၊ အိန္ဒြာကျော်ဇင် စသူတို့ကလည်း လေဘေးဒုက္ခသည်များထံ သွားရောက်၍ ဆန်နှင့်အစား အစာပစ္စည်းများ ဝေမျှလှူဒါန်းနေကြကြောင်း သိရသည်။

အလားတူ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌လည်း သီးလေးသီး အငြိမ့်အဖွဲ့သားများက မုန်တိုင်း ကယ်ဆယ်ရေးရန်ပုံငွေများ လိုက်လံကောက်ခံလျက်ရှိသည်။

ဘန်ကောက်မြို့၌လည်း ထိုင်း တီဗီ ချန်နယ် (၃) အဆောက်အဦ၌ နာမည်ကျော် ထိုင်းသရုပ် ဆောင်များက ထိုင်းပြည်သူများထံမှ ငွေကြေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အလှည့်ကျ ကောက်ခံပေးလျက်ရှိပြီး ယမန်နေ့အထိ ဘတ်ငွေသိန်း (၂၀) နှင့် အကူအညီပေးရေးပစ္စည်း အမြောက်အမြား ရရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန်...

လေဘေးဒုက္ခသည်မျာကို ကူညီရေး နိုင်ငံကျော်အနုပညာရှင်များဆောင်ရွက်

ဆက်လက်ဖတ်ရှုပါရန်...

မုန်တိုင်းဘေးသင့်သူများကိုကူညီရေးနှင့်ပတ်သက်၍ အာဆီယံကို ပြစ်တင်ဝေဖန်

ဆက်လက်ဖတ်ရှုပါရန်...

မြန်မာမုန်တိုင်းဘေးအတွက် ကူညီရေး ဗြိတိသျှအတိုက်အခံပါတီ လုပ်ဆောင်မည်

ဆက်လက်ဖတ်ရှုပါရန်...

အကူအညီယူရေး မြန်မာ စစ်ခေါင်းဆောင် များကို ထိုင်းဝန်ကြီးချုပ် စည်းရုံးမည်

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

ချင်းမိုင်။ ။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆမတ် ဆွန်ဒါလာဝပ်ဂ်ျသည် မနက်ဖြန်တွင် မြန်မာပြည်သို့ သွားရောက်ပြီး နိုင်ငံတကာမှ လူသားချင်းစာနာသည့် အကူအညီများ လက်ခံရန် စစ်အစိုးရ ခေါင်းဆောင်များကို နားချမည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကိုးကား၍ သတင်းများက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မစ္စတာ ဘန်ကီမွန်းထံမှ သတင်းစကားကို သယ်ဆောင်သွား ဖြစ်သော်လည်း စစ်အစိုးရ ဘက်က မည်သူက လက်ခံတွေ့ဆုံမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် သည် မုန်တိုင်းသင့် ဒေသများတွင် ခရီးလှည့်လည်နေသဖြင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး နော့ပဒန် ပတားမားက ပြောသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူ၏ သတင်းစကား တွင် အနောက်နိုင်ငံများမှ အကူအညီများနှင့် နိုင်ငံခြားမှ အကူအညီပေးရေး ဝန်ထမ်းများကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရေးတို့ ဖြစ်သည်။

စစ်အစိုးရက ကယ်ဆယ်ရေး ပစ္စည်းများကိုသာ လက်ခံပြီး ကယ်ဆယ်ရေး ဝန်ထမ်းများကို လက်ခံမည် မဟုတ်ဆိုကာ တင်းခံနေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက် ဖုန်းခေါ်ရန် ကြိုးစားသော်လည်း မအောင်မမြင် ဖြစ်ခဲ့သော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ထိုင်းနိုင်ငံအနေဖြင့် ကြားဝင် ဆောင်ရွက်ပေးရန် အကူအညီ တောင်းခဲ့သည်။

သူ၏ ကြိုးပမ်းမှုများကို စစ်အစိုးရဘက်က ရေငုံ နှုတ်ပိတ်နေသည့်အပေါ် အားမလို အားမရ ဖြစ်နေသော ကုလသမဂ္ဂ အကြီးအကဲက မြန်မာ စစ်အစိုးရ၏ တုံ့ပြန်ပုံသည် လက်ခံနိုင်ဖွယ် မရှိဟု နယူးယောက်တွင် သတင်းထောက်များအား ပြောသည်။

"ကျနော်တို့ အရေးကြီးတဲ့ အမှတ်ကို ရောက်နေပြီ။ အကူအညီတွေ မြန်မြန်မရောက်ရင် ကူးစက်ရောဂါတွေ ဖြစ်ပြီး အခုအကြပ်အတည်းကို ပိုဆိုးသွားမယ်" မစ္စတာဘမ်ကီမွန်းက ပြောသည်။

ဗြိတိန်၊ ကနေဒါ၊ နော်ဝေနှင့် အီးယူနိုင်ငံများကလည်း ထိုင်းနိုင်ငံ၏ ကြားဝင် ဆောင်ရွက်ပေးမှုကို တောင်းခံခဲ့ကြသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

အမေရိကန်ပြည် သမ္မတ ဂျော့ရှ်ဒဗလျဘုရှ် ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အစိုးရက ထုတ်ဖော် အပြစ်တင်သင့်သည်ဟု ထုတ်ဖော် ပြောဆိုသည်။

"သူတို့တွေ (စစ်အစိုးရ) က အထီးကျန်တာပဲ ဖြစ်ဖြစ်၊ လူစိတ်မရှိတာပဲ ဖြစ်ဖြစ်ပါ။ ဒီလို တုံ့ပြန့်မှု နှောင့်နှေး နေတဲ့အတွက် အသက်တွေ ဘယ်လောက်သေနေပြီလဲ ဆိုတာ ပြောကြတာတွေ မရှိဘူး" ဟု သမ္မတ ဘုရှ်က ပြောသည်။

အမေရိကန် ပြည်ထောင်စုမှ ကယ်ဆယ်ရေး ပစ္စည်းလေယာဉ် (၁) စီးကို စစ်အစိုးရက ယမန်နေ့က လက်ခံပြီးနောက်တွင် အမေရိကန် ပြည်ထောင်စုက မူလကယ်ဆယ်ရေး အလှူငွေကို မူလ ၃ သန်း ကတိပြုထားရာမှ ၁၆ သန်းကျော် အထိ တိုးမြင့်လိုက်သည်။

ယနေ့တွင်လည်း နောက်ထပ် အမေရိကန်လေယာဉ် (၂) စင်းကို လက်ခံရန် စစ်အစိုးရက သဘောတူထားသည်။

အမေရိကန် အစိုးရ၏ နိုင်ငံခြား သဘာဝအန္တရာယ် အကူအညီပေးရေးရုံးမှ ပြောကြားရာတွင် အမေရိကန်က ရည်ရွယ်ထားသော ပမာဏမှ အလွန်နည်းပါးသော အစိတ်အပိုင်းမျှသာ ဖြစ်သည်ဟုပြောသည်။

ကနေဒါ ဝန်ကြီးချုပ်က စတီဗင် ဟာပါး က ကနေဒါအနေဖြင့် ကိုယ်ထိလက်ရောက် ကူညီခွင့်ရလျှင် အကူအညီပေးရန် အသင့် ရှိနေသော်လည်း စစ်အစိုးရ လက်တွင်းသို့ အကူအညီများ ပေးအပ်မည် မဟုတ်ဟု ပြောသည်။

ကနေဒါသည် ကုလသမဂ္ဂ၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်သို့ မြန်မာလူထုအတွက် ရည်ရွယ်သော အလှူငွေ ဒေါ်လာ ၂ သန်းကို ပေးအပ်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာပြည်ကို လူသားချင်း စာနာသည့် ဝင်ရောက် စွက်ဖက်မှု လိုအပ်နေသည်ဟု ဆိုသော ပြင်သစ်၏ အဆိုပြုချက်သည် ကန့်ကွက်မှုများ ရှိနေသဖြင့် ယခုအချိန်ထိ မအောင်မမြင် ဖြစ်နေသည်။

လူပေါင်း တသိန်းကျော် သေဆုံးပြီး ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သော မုန်တိုင်း လွန်မြောက်သွားသည်မှ ၁ဝ ရက်ရှိသွားပြီ ဖြစ်သော်လည်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များနှင့် ကျွမ်းကျင်သူ ပညာရှင်များသည် ပြည်ဝင်ခွင့်ဗီဇာများ စောင့်ဆိုင်းနေကြသည်။

နိုင်ငံတကာမှ ဖိအားများနှင့် အတူ အိန္ဒိယက နိုင်ငံခြားရေးဌာနကလည်း နိုင်ငံတကာ အကူအညီများကို လက်ခံရန် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ထံ ဖုန်းဖြင့် တိုက်တွန်းခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂ အရေးပေါ် အကူအညီပေးရေးဌာနမှ ဂျွန်ဟိုလ်မက်စ် က ယခုအခါ ဗီဇာလျှောက်ထားသူ ၁ဝဝ အနက် ၃၄ ဦးကို ပြည်ဝင်ခွင့် ဗီဇာကို စစ်အစိုးရဘက်က သဘောတူပြီ ဖြစ်သည်ဟု ပြောသည်။ အမှန်တကယ် လိုအပ်သော ကယ်ဆယ်ရေးလုပ်သား အားလုံး၏ ၁ဝ ပုံတပုံထက် နည်းနေသေးသည်ဟု ယင်းကပြောသည်။

စစ်အစိုးရ၏ မီဒီယာများတွင် ဗိုလ်ချုပ်သိန်းစိန်က ကယ်ဆယ်ရေး လုပ်ငန်းများကို အခြေအနေ ထိန်းထားနိုင်ပြီဟု ဆိုသော်လည်း ကုလသမဂ္ဂ အေဂျင်စီများက အကူညအညီ မရသူ သိန်းချီ ကျန်သေးသည်ဟု ဆိုသည်။

အစိုးရ၏ နောက်ဆုံး ကိန်းဂဏန်းများတွင် နာဂစ်မုန်တိုင်းအတွင်း သေဆုံးသူ သုံးသောင်း ၃ ထောင်၊ ပျောက်ဆုံးသူ ၂ သောင်း ၉ ထောင်ကျော်သာ ရှိသည်။

ကုလသမဂ္ဂက မြန်မာပြည်မှ ကယ်ဆယ်ရေး လုပ်ငန်းအတွက် အရေးပေါ် ကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှ အမေရိကန်ဒေါ်လာ (၁၈၇) တောင်းခံထားရာ ယခုအချိန်အထိ (၇၇) သန်း ရရှိပြီဟု သိရသည်။

ဆက်လက်ဖတ်ရှုပါရန်...

နာဂစ် ဒုက္ခသည်များအတွက် ဗန်းမော်အာဏာပိုင်များ အလှူငွေ ကောက်ခံ

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

ရွှေလီ။ ။ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဒေသအာဏာပိုင်များက နာဂစ် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအတွက်ဟု ဆိုကာ ယနေ့မှ စတင်၍ ခရီးသွားများထံက အလှူငွေ များ ကောက်ခံနေသည်။

မြို့ပေါ် လူစည်ကားရာ နေရာများ ဖြစ်သည့် ဈေးနှင့် စက်လှေဆိပ်အနီးရှိ ကုန်သည်များအသင်းရှေ့တွင် ယမန်နေ့ညပိုင်းက အလှူခံမဏ္ဍပ် ၂ လုံးကို အားချင်းဆောက်လုပ် ကာ ကြံ့ဖွံ့၊ ကြက်ခြေနီ၊ မီးသတ်အဖွဲ့များက အသံချဲ့စက်နှင့် အော်၍ အလှူငွေ ကောက်နေခြင်း ဖြစ်သည်။

"ဗန်းမော် မယက ခိုင်းတာလို့ ပြောတယ်။ မနေ့က မဏ္ဍပ် ၂ လုံး ထိုးပြီး ဒီနေ့ စကောက်တယ်။ ထိုင်နေတာတော့ ကြံ့ဖွံ့၊ ကြက်ခြေနီ၊ မီးသတ်၊ ဝတ်စုံတွေနဲ့ ဖလားတလုံးချပြီး ထိုင်နေကြတယ်။ ကုန်သည်များရုံး ရှေ့မှာတော့ ဦးပါကြီးဆိုတဲ့ လူက အသံချဲ့စက်နဲ့ အော်နေတယ်။ 'ခရီးသွား ပြည်သူများခင်ဗျာ၊ လေဘေးရေဘေးအတွက် ဘယ်သူမဆို သဒ္ဓါတတ်အားသရွေ့ အလှူငွေ ထည့်ဝင်ကြပါ' လို့ အော်နေတယ်" ဟု ဗန်းမော် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အာဏာပိုင်များက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဘက်မှ လေဘေးနှင့် ရေဘေးဒုက္ခသည်များအတွက် တလတာကြာ လုပ်ဆောင်မည့် အလှူငွေ ကောက်နေသော်လည်း မြို့ပေါ်ရှိ ဒေသခံအများစုက အယုံအကြည် နည်းနေကြသည်။

"ဒုက္ခရောက်နေတဲ့ သူတွေဆီ ရောက်မယ်လို့ မယုံလို့လား မသိဘူး၊ လှူတဲ့သူ သိပ်မရှိဘူး။ ရွာဘက်ကလာတဲ့ တယောက်စ နှစ်ယောက်စပဲ ၂ဝဝ တန်တို့၊ ၅ဝဝ တန်တို့ ထည့်သွားတာ တွေ့တယ်။ အထုပ်အထည် လိုက်လာလှူတာတော့ မတွေ့ရသေးဘူး" ဟု သူက ဆိုသည်၊၊

လွန်ခဲ့သည့် ၄ ရက်ခန့်က တသီးပုဂ္ဂလ စေတနာရှင်များက စုပေါင်း၍ ဗန်းမော်မြို့တွင်း၌ ဒုက္ခသည်များအတွက် အဝတ်အထည်များ လိုက်လံ ကောက်ခံခဲ့သေးသည်။

ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်တွင်မူ အရှေ့မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွတ် ကိုယ်တိုင် ယခုလ ၃ ရက်နေ့က ရောက်ရှိလာပြီး မူဆယ်ကုန်သည်များ အသင်းထံမှ လေဘေး ဒုက္ခသည်များအတွက် အလှူငွေနှင့် မိုးကာ အပါအဝင် အခြား ထောက်ပံ့ရေးပစ္စည်းများ ကောက်ခံခဲ့သေးသည်။

အာဏာပိုင်များက အများပြည်သူထံမှ ကောက်ခံရရှိသည့် အလှူငွေများဖြင့် သေလုမျောပါး ခံစားနေရသည့် ဒုက္ခသည်များကို သူတို့အိတ်စိုက် ပေးလှူနေသယောင် အမြတ်ထုတ်နေခြင်းများ ရှိနေသည်ဟု မူဆယ်ကုန်သည်များက ပြောဆိုကြသည်။

ဆက်လက်ဖတ်ရှုပါရန်...

မြန်မာဂျာနယ်များ ဆိုင်ကလုန်းသတင်း ကန့်သတ်မှုများ ကြုံနေရ

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

နယူးဒေလီ။ ။ ကြောက်မက်ဘွယ် ဆိုင်ကလုံး မုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်သွားသည်ကို သတင်းရေးသား တင်ပြရာတွင် မြန်မာ စာနယ်ဇင်းသမားများအား မြန်မာ အာဏာပိုင်များက ကန့်သတ်မှုများ ပြုလုပ်နေသည်။ သို့သော် မြန်မာစာနယ်ဇင်းသမားများမှာ နိုင်ငံခြားသားများထက် ပြည်တွင်းတွင် ပိုမို လွတ်လပ်စွာ သွားလာ သတင်းယူခွင့် ရှိသည်။

မြန်မာ စာနယ်ဇင်းဆရာများသည် မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော ဒေသများသို့ လွတ်လပ်စွာ သွားလာခွင့် ရှိသော်လည်း မုန်တိုင်းဒဏ်မှ အသက်မသေ လွတ်မြောက်ခဲ့သူများ အကူအညီ လုံလောက်စွာ ရရှိခြင်းမရှိ ဆိုသော သတင်းများနှင့် အလောင်းများ၏ အသေးစိတ် အနီးကပ် ဓာတ်ပုံများကိုမူ ဖေါ်ပြခွင့်မပြုဟု သိရသည်။

"ဂျာနယ်တွေမှာ ရန်ကုန်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က ဆိုက်ကလုံးမုန်တိုင်း ဝင်ပြီး ဖျက်ဆီးသွားတဲ့ ပုံတွေကို ဖော်ပြနေတယ်ဗျ။ ဒါပေမဲ့ မြစ်ဝကျွန်းပေါ်မှာ ဆိုင်ကလုံးဒဏ်ခံ ဒုက္ခသည်တွေ အကူအညီ လုံလုံလောက်လောက် မရဘူးဆိုတဲ့ သတင်းတွေ၊ အလောင်းတွေရဲ့ အနီးကပ် ဓာတ်ပုံတွေကိုတော့ ကျနော်တို့ဂျာနယ်တွေထဲမှာ ဖော်ပြလို့ မရဘူး" ဟု အမည်မဖော်လိုသူ အပတ်စဉ်ထုတ် ဂျာနယ်တစောင်၏ အယ်ဒီတာတဦးက ပြောသည်။

မြန်မာ ဂျာနယ်လစ်များကို အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေသဖြင့် အသက်မသေ ကျန်ရစ်သူများကို လူတွေ့ မေးမြန်းမှုများ ပြုလုပ်ရန်နှင့် မုန်တိုင်းမြင်ကွင်း ဓာတ်ပုံများ ရိုက်ကူး ရယူရန် အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။ သူတို့အနေနှင့် အစိုးရ၏ မီဒီယာများတွင် ဖော်ပြနေသည့် တရားဝင် အသေအပျောက် စာရင်းကိုသာ ဖော်ပြခွင့် ရှိသည်ဟု ဆိုသည်။

"ခင်ဗျားမှာ ကင်မရာ ပါလာမယ်ဆိုရင် အာဏာပိုင်တွေက လာမေးတော့တာပဲ။ သူတို့ ထွက်သွားမှ ကျနော်တို့လည်း ဓာတ်ပုံ ရိုက်လို့ရတယ်" ဟုရန်ကုန်မြို့နှင့် မဝေးလှသည့် ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့များသို့ သွားရောက်ပြီး တနင်္ဂနွေနေ့က ပြန်လာခဲ့သည့် အယ်ဒီတာတဦးက ပြောသည်။

"ရန်ကုန်မှာ မုန်တိုင်း ဝင်ဖျက်ဆီးသွားတဲ့ သာမန်ပုံတချို့ပဲ တွေ့ရသေးတယ်။ အပြင်ကလူတွေ ပြောနေတဲ့ မြစ်ဝကျွန်းပေါ်က အလောင်းတွေ ပုံတွေနဲ့ တကယ့် အခြေအနေ တွေကိုတော့ မမြင်ရသေးဘူး" ဟု အပတ်စဉ်ဂျာနယ်ဖတ် လူငယ် ပရိသတ်တဦးက ပြောသည်။

ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်သွားရာ၌ အထိအနာဆုံး ဒေသမှာ မြစ်ဝကျွန်းပေါ် အနောက်တောင်ဒေသ ဖြစ်ပြီး လူပေါင်း သောင်းနှင့်ချီသေ၍ အများအပြား ပျောက်ဆုံး နေသည်။

"ဂျာနယ်တွေမှာ အခုလောက်ပဲ သာမန် ဖော်ပြထားတဲ့ သတင်းတွေ ဖတ်ရတာ ကျေနပ်မှု မရှိပါဘူး" ဟု အဆိုပါ လူငယ် စာဖတ်ပရိသတ်က ပြောသည်။

သို့သော် လွန်ခဲ့သော ၅ နှစ်ကနှင့် စာလျှင် မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ပိုမိုရရှိလာသည်ဟု အချို့သော ကျွမ်းကျင်သူများနှင့် လေ့လာသုံးသပ်သူများက ပြောဆိုသည်။ ထိုအချိန်က ဂျာနယ်လစ်များအနေနှင့် ယခုကဲ့သို့သော သဘာဝ ကပ်ဘေး အန္တရာယ်များနှင့် ရာဇဝတ် မှုခင်းများအကြောင်း လုံးဝ ဖော်ပြခွင့် မရခဲ့ကြပါ။

"အခုဂျာနယ်တွေမှာ ဆိုင်ကလုံးအကြောင်း သူတို့ ရေးချင်သလောက် ရေးလို့ ရနေတာပဲ။ အရင်က လုံးဝ ရေးခွင့် မရခဲ့တာနဲ့စာရင် အခုဟာက မဆိုးပါဘူး" ဟု အမည်မဖော်လိုသူ ဒေသခံ မဂ္ဂဇင်းတခု၏ အယ်ဒီတာတဦးက ပြောသည်။ "ဒါပေမဲ့ မြစ်ဝကျွန်းပေါ်ဒေသက ဒုက္ခသည်တွေရဲ့ အခြေအနေမှန် ကိုတော့ ရေးလို့ မရဘူး။ အဲဒီဒေသက ပုံတွေ အသေးစိတ်ကို ဖော်ပြလို့တော့ မရဘူး" ဟု သူက ဆက်ပြောသည်။

မုန်တိုင်း ချဉ်းကပ်လာနေသည်ကို ပြည်သူလူထုသို့ ပြည့်စုံ သေချာစွာ သတိပေးခြင်း မပြုလုပ်ခဲ့သည့်အတွက် ပြည်သူလူထုက အစိုးရကို အလွန်စိတ်ဆိုး ဒေါသထွက် ကြသည်ဟုလည်း ဆိုသည်။

"ဆိုင်ကလုံး ဖျက်လို့ ရွာတွေကတော့ ပျက်မှာပေါ့ဗျာ။ ဒါပေမဲ့ လူတွေတော့ အခုလို မသေသင့်ပါဘူး။ ဆိုင်ကလုံး မဝင်ခင် အစိုးရက လူတွေကို ဘေးလွတ်ရာ တခြားမြို့ရွာ တွေဆီ ရွှေ့ပေးထားနိုင်ရင် သူတို့ အသက်တွေကို ကယ်နိုင်မှာ" ဟု သူကပြောသည်။

ဆက်လက်ဖတ်ရှုပါရန်...

ကြိုတင်မဲကိစ္စကြောင့် မဲပေးသူနှင့် မဲရုံမှူး ထိုးကြိတ်မှုဖြစ်ပွား

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

ချင်းမိုင်။ ။ ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် ကျင်းပသည့် မေလ ၁ဝ ရက် ဆန္ဒခံယူပွဲတွင် ရွာသားတဦးကို မဲရုံမှူးမှ လက်သီးနှင့် ထိုးသည့်အပြင် ဖမ်းဆီး ချုပ်နှောင်ထားသည်။

သဲကုန်းမြို့နယ် သစ်နီတောအုပ်စု ဘောဓိကုန်းကျေးရွာ ကျောင်းရှိ မဲရုံသို့ ပန်းပင်ကုန်း ကျေးရွာသား ကိုမြင့်အောင်သည် ဇနီးသည်နှင့်အတူ မဲထည့်ရာတွင် မဲရုံမှူး ဦးလှငွေက ဇနီးဖြစ်သူကို ကြိုတင်မဲ ထည့်ပြီးသဖြင့် မဲထည့်ရန် မလိုတော့ကြောင်း ပြောဆိုပြီးနောက် အငြင်းပွားရာမှ မဲရုံမှူးက ကိုမြင့်အောင်၏ မျက်နှာကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

“မဲသွားပေးပြီး ပြန်အထွက်မှာ ဇနီးသည်ကို “ကြိုတင်မဲ ယူထားပြီးပြီ။ ဒီနေ့ ထည့်ဖို့ မလိုတော့ဘူး” ပြောတာကို ကိုမြင့်အောင်က “ဘာဖြစ်လို့ လက်မခံတာလဲ၊ ဒီနေ့ ထပ်ပေးချင်တယ်” လို့ ပြောတာကို သူ(မဲရုံမှူး) က “မင်း ... သိပ်လူပါးဝပါလား” ဆိုပြီးတော့ မျက်နှာကို ထိုးလိုက်တယ်” ဟု ဒေသခံ မျက်မြင်တဦးက မဇ္ဈိမကို ပြောသည်။

သို့သော် မဇ္ဈိမအနေဖြင့် အမှုနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အခင်းဖြစ်ပွားပြီးနောက် ကျောင်းဆရာမ ဒေါ်ချိုချိုမော်မှ မဲရုံ ဖွင့်လှစ်ထားသည့် ကျောင်းဝင်းကို ပိတ်လိုက်ရသည်။ အဆိုပါ မဲရုံသည် မြို့နယ်အတွင်းရှိ မိဆူးကုန်း၊ ပန်းပင်နှင့် ဘောဓိကုန်းရွာသားများလည်း လာရောက် မဲထည့်သည့် နေရာဖြစ်သည်။

ကိုမြင့်အောင်သည် ရွာသား ၁ဝဝ ခန့်နှင့်အတူ သဲကုန်းမြို့ ရဲစခန်းသို့ တိုင်ကြားသဖြင့် ရဲစခန်းမှူးသည် မယက အဖွဲ့ဝင် ဦးကျော်ခိုင်နှင့်အတူ အခင်းဖြစ်ရာသို့ လိုက်သွားစဉ် မဲရုံမှူးကို စတင်၍ လက်သီးနှင့် ထိုးသောကြောင့် ဝိုင်းဝန်း ထိန်းချုပ်ခဲ့ခြင်း ဖြစ်ကြောင်း မဲရုံ တာဝန်ရှိသူများက ထွက်ဆိုကြသဖြင့် ကိုမြင့်အောင်ကိုသာ မြို့နယ်ရဲစခန်း အချုပ်တွင် ဖမ်းထားသည်။

မျက်မြင်တွေ့ရှိသူက “အထိုးခံရတဲ့ သူက တရားစွဲခံရလို့ ရွာသားတွေနဲ့ ရွာဦးကျောင်း ဘုန်းကြီးတွေက လုံးဝ မကျေနပ်ဘူး။ သက်သေတွေ ရှိတယ်။ အဲဒီလို မဲရုံမှာ ကြံ့ဖွံ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အမျိုးသမီးရေးရာ အဖွဲ့တွေ ရှိတာကို အရပ်သား တယောက်ကနေ အကြောင်းမဲ့ မဲရုံမှူးကို လက်သီးနဲ့ ထိုးတယ်ဆိုတာ စဉ်းစားရဲမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ဆက်လက်ဖတ်ရှုပါရန်...

အင်္ဂလန်နှင့် အမေရိကန်နိုင်ငံသို့ "လူသားချင်းစာနာသည့် ကြားဝင်ဆောင်ရွက်မှု" တောင်းဆို

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

စင်္ကာပူ။ ။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ မြန်မာပြည်အတွင်း ဝင်ရောက်ရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများသို့ တောင်းဆိုထားသော လက်မှတ်များကို မြန်မာ့အရေး တက်ကြွသူများမှ စင်္ကာပူနိုင်ငံရှိ နိုင်ငံခြား သံရုံးများသို့ ယမန်နေ့မှ စတင်ပေးပို့လျှက် ရှိသည်။

အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ် Mr. Gordon Brown ထံသို့ ပေးပို့သော စာကို အင်္ဂလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr. Paul Damian Madden မှ လက်ခံရယူ၍ အမေရိကန် သမ္မတ Mr. George W. Bush ထံသို့ ပေးပို့သော စာကို အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Ike Reed (Economic/Political Counselor) တို့က လက်ခံရယူသည်။

လူသားချင်း စာနာသည့် ကြားဝင် ဆောင်ရွက်မှုအတွက် တောင်းဆိုသော စာနှင့်အတူ စင်္ကာပူနိုင်ငံရှိ မြန်မာများ ၂၀၀၀ ခန့်၏ လက်မှတ်များကို သက်ဆိုင်ရာ သံအမတ်ကြီးများသို့ လွှဲအပ်ပေးခဲ့သည်။

စာတွင် အဓိကအားဖြင့် - စစ်အစိုးရ၏ တာဝန် ပျက်ကွက်မှု၊ စစ်အစိုးရ၏ အများပြည်သူ အသက်အိုးအိမ် လုံခြုံမှုအပေါ် လူသားမဆန်စွာ လစ်လျူရှုမှုတို့အား အလေးပေး ဖေါ်ပြထားသည်ဟု သိရသည်။

ဒုက္ခသည် ရာပေါင်း ထောင်ပေါင်း များစွာအား ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာနေခြင်း များသည် သည်းမခံနိုင်လောက်အောင် ဖြစ်ရခြင်းကိုလည်း ဖော်ပြထားသည်။

"နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည် ဆိုသည့်အတိုင်း ကျွန်ုပ်တို့ မြန်မာပြည်သူများ၏ လုပ်ပိုင်ခွင့် အတိုင်းအတာအရ အောက်ပါ လက်မှတ် ထိုးထားသော မြန်မာပြည်သူများ အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူမှု အထောက်အကူပြု လုပ်သားများနှင့် ကယ်ဆယ်ရေး အဖွဲ့များကို စစ်အစိုးရထံမှ ခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မြန်မာပြည်အတွင်းသို့ အမြန်ဆုံး ဝင်ရောက်ကြပါရန် တောင်းဆိုအပ်ပါသည်" ဟု ဖေါ်ပြထားသည်။

မြန်မာ့အရေး လှုပ်ရှားသူများ၏ စာကို လက်ခံပြီးနောက် အမေရိကန်နှင့် ဗြိတိသျှ သံအမတ်ကြီးတို့က အမေရိကန် သမတ အိမ်ဖြူတော်နှင့် အင်္ဂလန်ရှိ ၀န်ကြီးချုပ်ရုံးသို့ အမြန်ဆုံး ပေးပို့သွားမည်ဟု ပြောဆိုသည်ဟု သိရသည်။

မြန်မာ့အရေး တက်ကြွသူများသည် လာမည့်ရက်များတွင်လည်း စင်္ကာပူနိုင်ငံရှိ သက်ဆိုင်ရာ နိုင်ငံခြား သံရုံးများသို့ အလားတူ တိုက်တွန်းသော စာကို ဆက်လက် ပေးပို့သွားမည်ဟု သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုပါရန်...

မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ လမ်းပေါ်ထွက် တောင်းရမ်းနေရ

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

ချင်းမိုင်။ ။ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ မုန်တိုင်းနှင့် ရေလှိုင်းဒဏ်သင့် ကျေးရွာများတွင် ကူညီထောက်ပံ့မှု မရသဖြင့် ဒုက္ခသည် ရွာသားများသည်
ကားလမ်းပေါ် ထွက်ကာ တောင်းခံနေရသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဘုရားလမ်း ရပ်ကွက်ရှိ ဘုရားလမ်းထိပ်မှ ကွမ်းခြံကုန်းမြို့သို့ သွားသည့် ကားလမ်းဘေးတွင် လေဘေး ဒုက္ခသည် ၆ဝ ခန့်သည် 'ဒုက္ခသည်များကို ကူညီပါ' ဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ လမ်းပေါ်ထွက် တောင်းခံနေရခြင်း ဖြစ်သည်။

"တနင်္ဂနွေနေ့မှာ ကော့မှူးမြို့ ဘုရားလမ်းထိပ်မှာ ကျမတို့ ရွာသား ၆ဝ လောက် ထွက်ပြီးတော့ ကွမ်းခြံကုန်းကို သွားတဲ့ အလှူရှင် ကားတွေပေါ့။ ကျမတို့က 'ရေဘေးဒုက္ခသည်များကို ကူညီပါ' ဆိုတဲ့ ဆိုင်းဘုတ် ကိုင်ပြီးတော့ စောင့်နေကြတာ။ အလှူရှင်တွေက ဆန် ၁ဝ အိတ်နဲ့ ပဲ ၂ အိတ် ချပေးသွားတယ်" ဟု ဒုက္ခသည် အမျိုးသမီးတဦးက ပြောသည်။

အလှူရှင် ကားများပေါ်တွင် လိုက်ပါလာသည့် အစ္စလာမ် ဘာသာဝင်များက ကျပ်ငွေ ၂ သိန်းခွဲနှင့် သန့် စိုက်ပျိုးရေး မိသားစုမှ အဆိုပါ ဆန်အိတ်နှင့်
ပဲအိတ်များကို ကူညီ ထောက်ပံ့သွားခြင်းဖြစ်သည်။

ဒုက္ခသည်များက လမ်းဘေးတွင် ယခုလို ထိုင်စောင့်ကာ အလှူခံနေခြင်းကို ရယက အတွင်းရေးမှူး ကိုသန်းကြိုင်က 'မင်းတို့ တော်တော်ရူးနေ ကြပြီလား။ မင်းတို့ တောင်းတာ အရေးမကြီးဘူး။ အစိုးရ သိက္ခာကျတယ်' ဟု ဆိုကာ ကော့မှူးရဲစခန်းသို့ သွားရောက် တိုင်ကြားသဖြင့် ကော့မှူး ရဲစခန်းမှူးနှင့် ရဲသား ၁၅ ဦးက လက်နက်များ ကိုင်ဆောင်ကာ ရွာသားများကို မတောင်းခံရန် ခြိမ်းခြောက်သွားသေးသည်။

ကျေးရွာသား ၃ဝဝ ခန့်သည် မုန်တိုင်းဒဏ်ကြောင့် စားစရာမရှိ၍ ကော့မှူးမြို့နယ်ရှိ သံတာ ရာမကျောင်း၊ ဆုတောင်းပြည့် တောရကျောင်း၊ ဝိဇောဓိရ ကျောင်းများမှ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကာ ဘုန်းကြီးကျောင်းများရှိ သီတင်းသုံးနေသည့် သံဃာ ၆၃ ပါးက နေ့စဉ် ဆွမ်းခံထွက်ကာ ကျွေးမွေးစောင့်ရှောက်နေရသည်။

ဘုန်းကြီးကျောင်းများက ဆန်၊ ဆီ၊ ဆား လှူရန် ဒေသတွင်း၌ ထုတ်ဖော် ကြေညာထားသော်လည်း ယနေ့တိုင် လှူဒါန်းပစ္စည်းများ မရရှိသေးပါ။

"ကော့မှူးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဦးဝိသုဒ္ဓက အခုလို မြင်တွေ့နေရတာကို ကမ္ဘာသိအောင် မီဒီယာကနေ ပြောပေးပါလို့ ပြောတယ်။ အခုတော့ ရဟန်း၊ သံဃာတွေ နေ့တိုင်း ဆွမ်းခံ ထွက်နေရတယ်လေ။ မယက တွေက ပြောကြတယ်။ ဒီအကြောင်းတွေကို သတင်းကနေ မအော်ပါနဲ့ နေ့တိုင်း ကြက်ဥရယ်၊ ဆန်ရယ်၊ ဆီရယ်ကို ဘုန်းကြီးကျောင်းတွေကို ပေးမယ်လို့ ပြောပြီး အခုထိ မရရှိသေးဘူးလို့ ဆရာတော်က ပြောပါတယ်။ ပြီးတော့ ဒကာ၊ ဒကာမတွေကို ကျွေးနေရတယ်။ အဲဒါကြောင့် နိုင်ငံတကာက အမြန် ကူညီပါတော့လို့ ကျမ ပြောချင်ပါတယ်။ အခုအချိန်မှာ မကူညီနိုင်ဘူးဆိုရင် ပြည်သူတွေကို ဆင်းရဲဒုက္ခတွေကနေ လုံးဝ မကယ်နိုင် တော့ဘူးလို့ ကျမ အပြည့်အဝ ယုံကြည်တယ်" ဟု ဒေသခံ အမျိုးသမီးတဦးကလည်း ပြောသည်။

ဧရာဝတီတိုင်း ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် အရှေ့ဆင်းရဲအုပ်စု ကျေးရွာများနှင့် 'ရေကြိုကျေးရွာများရှိ အိမ်ခြေ ၅ဝ ခန့်အနက် ၄ဝ ခန့်မှာ နာဂစ် လေမုန်တိုင်းကြောင့် ပျက်စီးနေသော်လည်း ထောက်ပံ့ကူညီမှု တစုံတရာ မရောက်ရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) မှ ပြန်ကြားရေး တာဝန်ခံတဦးက ပြောသည်။

ရွာသူရွာသားများ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ယခုအချိန်အထိ ဒုက္ခစခန်း ဖွင့်လှစ်ခြင်း၊ ရေဘေးဒုက္ခ ကယ်ဆယ်သူမှ လာရောက် ဆက်သွယ်ခြင်း၊ ကူညီထောက်ပံ့ခြင်းများ မရှိသေးပါ။

ထို့အပြင် လေမုန်တိုင်း တိုက်ခိုက်မှုကြောင့် ကျေးရွာပတ်လည်ရှိ ရေသွင်း ရေကန်အားလုံးမှာ ရေဆိုးရေညစ်များ ဖြစ်နေသဖြင့် သောက်သုံးရေ သန့်ရှင်းမှု မရှိ၍ ယခုချိန်တွင် ဝမ်းရောဂါများ စတင်ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ဒုက္ခများသည် ယခုထိ မည်သည့် အကူအညီမှ မရသဖြင့် ရေကောင်းရေသန့် မရှိခြင်း၊ စားဝတ်နေရေး ပြဿနာ ရင်ဆိုင်နေရခြင်းကြောင့် ကျေးသားများသည် နောက်ထပ် ၄-၅ ရက်ကြာလျှင် အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်သဖြင့် လိုအပ်သည် ရေကောင်းရေသန့်များနှင့် ဆေးဝါးများကို ကူညီ ထောက်ပံ့ကြစေလိုကြောင်း အဆိုပါ ဒေသရှိ ရွာသားတဦးက ပြောသည်။

"အကူအညီ ဝင်နေတာတော့ သိတယ်။ ကြားမှာ ပျောက်နေတဲ့ နေရာတွေမှာ ဆက်သွယ်ပြီးတော့ သေသေချာချာ ပြောတာကို မရဘူး ဖြစ်နေတယ်။ အကူအညီ မရဘူး ဖြစ်နေတယ်။ ကြားထဲမှာ လုပ်စားတဲ့ လူရှိမယ်လို့ ကျနော် ထင်တယ်" ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။

ဆက်လက်ဖတ်ရှုပါရန်...

မူဆယ်မြို့၊ နမ့်ခမ်းမြို့၊ ကြူကုတ်-ပန်းဆိုင်မြို့ ထောက်ခံ၊ ကန့်ကွက်မဲအခြေအနေ

မြို့ခံများပြောပြချက်အရ မူဆယ်မြို့၊ နမ့်ခမ်းမြို့၊ ကြူကုတ်-ပန်းဆိုင်မြို့ ထောက်ခံ၊ ကန့်ကွက်မဲအခြေအနေ များဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုပါရန်

ဆက်လက်ဖတ်ရှုပါရန်...

ဒုက္ခသည်ကို ကူညီရေးထက် ဆန္ဒမဲကောက်ရေးက အရေးကြီးနေ

ဆက်လက်ဖတ်ရှုပါရန်...

အခြေအနေ ပုံမှန်ဖြစ်နေပြီဟု စစ်အစိုးရက ပြောသော်လည်း

ဆက်လက်ဖတ်ရှုပါရန်...

လပွတ္တာ ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါဖြစ်ပွားမှု စတင်

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

နယူးဒေလီ။ ။ နာဂစ်မုန်တိုင်းအလွန် လပွတ္တာမြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်း တစခန်းလျှင် ၁ဝ ဦးထက်မနည်း ဝမ်းရောဂါ ဖြစ်ပွားနေသဖြင့် အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ ရောက်ရှိနေပြီဟု ကြားသိရသည်။

သောက်သုံးရေ မသန့်ရှင်းခြင်း၊ အနေအထိုင် ကျပ်တည်းခြင်းတို့ကြောင့် လပွတ္တာမြို့ရှိ လေဘေး ဒုက္ခသည်စခန်း ၃၂ စခန်းတွင် စခန်းတခု၌ လူ ၁ဝ ဦးကျော် ဝမ်းပျက်နေကြပြီး အခြေအနေမှာ ပိုမိုဆိုးရွားလာမည့် အနေအထား ရှိသည်။

“ဝမ်းရောဂါ စနေပြီ။ စခန်းတခုမှာ လူတွေက အနည်းဆုံး ၂ ထောင်လောက် ရှိတာဆိုတော့ အိမ်သာ သုံးတဲ့အခါမျိုးမှာ ကူးစက်ကုန်တာပေါ့။ ဒီအတိုင်းဆိုရင် နောက်နောင် အခြေအနေ ပိုဆိုးလာနိုင်တယ်” ဟု လေဘေး ဒုက္ခသည်များကို ကူညီပေးနေသူ လပွတ္တာမြို့မှ ဆရာဝန်တဦးက ပြောသည်။

ပင်လယ်နှင့်နီးသော မြို့တခြမ်းလုံးလုံး ပျက်စီးကုန်သော လပွတ္တာမြို့ပေါ်တွင် လေဘေး ဒုက္ခသည်များမှာ ၈ သောင်းကျော် ရှိပြီး စေတီ ဘုရားတန်ဆောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဗလီကျောင်း အစရှိသည့် မိုးရိပ်ခိုရာ နေရာ ၃၂ နေရာတို့တွင် ဖြန့်ကျက် နေထိုင်ကြရပြီး တနေရာတွင် အနည်းဆုံး ၂ ထောင်နှင့် ၃ ထောင်ကြားတွင် ရှိသည်

“စားရတာလည်း နေ့တိုင်း ဆန်ပြုတ်၊ နေရတာကလည်း သမံသလင်းပေါ်မှာ အေးစက်နေတာပဲ။ ဘုရားတန်ဇောင်းတို့မှာ အမိုးကလည်း သိပ်မလုံတော့ ဒီကနေ့လို မိုးရွာတဲ့ နေ့တွေမှာဆို မိုးရွာထဲ ငုတ်တုတ်ထိုင်နေရတာ ဟု လပွတ္တာမြို့မှ ဆရာဝန်က ဆက်ပြောသည်။

လေဘေးဒုက္ခသည်များ၏ ကျန်းမာရေးကို စောင့်ရှောက်ရန်အတွက် မြောင်းမြနှင့် လပွတ္တာမြို့ပေါ်ရှိ ဆရာဝန်များ စုပေါင်းကာ စေတနာရှင် ဆရာဝန်များ အသင်းကို ဖွဲ့စည်းကာ ဒုက္ခသည်များကို ဓါတ်ဆားထုပ်များ ဝေငှခြင်း၊ အခမဲ့ ဆေးခန်းဖွင့်ကာ ဆေးဝါး ကုသပေးခြင်း စသည့် ဝမ်းရောဂါ ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရသည်။

ဝမ်းရောဂါကြောင့် လပွတ္တာမြို့ ဘုရားကြီး အရပ်ရှိ လူ ၄ ဦး သေဆုံးသွားခဲ့သည်ဟု ကြားသိရကြောင်း ကိုယ်တိုင် ကွင်းဆင်း လေ့လာခဲ့သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးက ပြောသော်လည်း သတင်းနှင့် ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက် မရခဲ့ပါ။

၈ သောင်းခန့် ရှိသော လေဘေး ဒုက္ခသည်များ အတွက်ဟုဆိုကာ ရန်ကုန်မြို့မှ အလှူရှင်များ၊ စင်ကာပူနိုင်ငံရောက် မြန်မာများက ငွေကြေး၊ ရေသန့်ဗူး၊ ဆေးဝါးနှင့် ဆန်ဆီဆားများကို လှူဒါန်းခြင်းများသာ တွေ့ရပြီး ဒေသအာဏာပိုင်များ လာရောက် လှူဒါန်းခြင်းများကို ယနေ့ထိ မရရှိသေးဟု ဒေသခံများက ညီးတွားနေကြသည်။

နိုင်ငံတကာမှ လှူဒါန်းသည့် ကယ်ဆယ်ရေး ပစ္စည်းများ၊ အစားအသောက်များကို ဒေသအာဏာပိုင်များက လပွတ္တာ ဒုက္ခသည်များကို ထုတ်ပေးခြင်း မရှိဘဲ ကွပ်ကဲ ထိန်းသိမ်းရေးစခန်း ဂိုဒေါင်၌သာ ထိန်းသိမ်းထားပြီး အခြား အလှူရှင်များ၏ ပစ္စည်းများကို သိမ်းယူသဖြင့် ဆန်ဆီဆား၊ ခေါက်ဆွဲခြောက်၊ ရေသန့် အစရှိသည့် အစားအစာများ တင်ဆောင်လာသည့် ကား ၁ဝ စီးမက မြို့ပြင်၌ ရပ်နားကာ အခြေအနေ စောင့်ကြည့်နေသည်ဟု လပွတ္တာ ဆရာဝန်က ပြောသည်။

ဧရာဝတီနှင့် ရန်ကုန်တိုင်း အတွင်းရှိ လေဘေး ဒုက္ခသည်များ၏ ကျန်းမာရေးနှင့် ပတ်သက်၍ နအဖ အနေဖြင့် ထိထိရောက်ရောက် ပြုစုပေးနိုင်မည့် အခြေအနေ မရှိသောကြောင့် နားလည် တတ်ကျွမ်းသော နိုင်ငံတကာမှ ကယ်ဆယ်ရေး သမားများကို ဝင်ရောက်ခွင့်ပေးပြီး နိုင်ငံတကာ၏ အကူအညီများကို လက်ခံပေးပါရန် နိုင်ငံတကာရှိ မြန်မာဆရာဝန်များ စုပေါင်းထားသည့် မြန်မာ ဆေးပညာရှင်များ အစည်းအရုံးက ယမန်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုထားသည်။

“လုပ်သင့်လုပ်ထိုက်တာကို လုပ်ခွင့်မပေးဘဲ၊ Aid workers တွေကို မသွားခိုင်းဘဲနဲ့ သူတို့ပဲ ပစ္စည်းတွေ ဝေငှနေတယ် ဆိုတာက အင်မတန် မှားယွင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ Disaster ကို ကိုင်တွယ်ဖို့ သူတို့မှာ အခြေအနေ မရှိပါဘူး။ သင်ကြားထားပြီးသား၊ လေ့ကျင့်ထားပြီးသား လူတွေ၊ Facility နဲ့ လုပ်နိုင်ကိုင်နိုင်တာတွေ မရှိတော့ နိုင်ငံတကာက ကူညီတာကို လက်ခံသင့်ပါတယ်” ဟု သြစတေးလျ နိုင်ငံရောက် ဒေါက်တာ Raymond Tint Way က ပြောသည်။

မိသားစုတစုလုံး သေဆုံးပြီး ကျန်ရစ်ခဲ့သည့် ကလေးငယ်များ၊ မုဆိုးမများ၏ ပူဆွေးဒုက္ခများကို စောင်တထည်၊ ဆန်တပြည်၊ စားစရာ တထုတ် ပေးရုံဖြင့် ပြေလည်သွားမည် မဟုတ်သလို နိုင်ငံတော် ဝန်ကြီးချုပ် ကိုယ်တိုင် ထမင်းထုပ် ဝေငှနေပုံကို ရုပ်မြင်သံကြားနှင့် သတင်းစာတို့တွင် ဖော်ပြကာ ဝါဒ ဖြန့်နေခြင်းများကို ရပ်တန့်ကာ အမှန်တကယ် ထိရောက်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်သင့်ပြီဟု သူက ဆက်ပြောသည်။

“ကျနော်တို့တွေ စောင့်ကြည့်နေရင်း နာရီပိုင်းနဲ့အမျှ လူတွေသေနေတယ်။ De-hydration ဖြစ်နေတယ်။ အစာရေစာ ငတ်ပြတ်နေတယ်။ ဝမ်းသွားပြီး သေနေတယ်။ ဝမ်းရောဂါ၊ တိုက်ဖိုက်၊ ငှက်ဖျား။ ဒီလို အင်မတန် ကြီးမားတဲ့ Disaster ကြီးကို ကိုင်တွယ်ဖို့က အင်မတန် ခက်ခဲပါတယ်။ နိုင်ငံတကာက ဝိုင်းကူရမယ့် အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် အစိုးရ အနေနဲ့ အဲဒါကို အမြန်ဆုံး လက်ခံပေးပါလို့ အနူးအညွတ် ပန်ကြားလိုပါတယ်” ဟု ဒေါက်တာ Raymond Tint Way က ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရများ အနေဖြင့်လည်း မြန်မာ စစ်အစိုးရ၏ ပိတ်ပင် တားဆီးခြင်းများကို ဂရုစိုက်မနေတော့ဘဲ မြန်မာပြည်သို့ အမြန်ဆုံးဝင်ရောက်ပြီး တရက်ထက် တရက် သေနေ့ကို စောင့်နေကြသည့် မြန်မာလေဘေး ဒုက္ခသည်များကို အကူအညီများ ပေးရန်အချိန် ကျရောက်နေပြီဟု မြန်မာဆေးပညာရှင်များ အစည်းအရုံးက တောင်းဆိုထားသည်။

ဆက်လက်ဖတ်ရှုပါရန်...

ဒုက္ခသည်စခန်းတွင် ဆန်ဈေးတက်၊ ရိက္ခာမလုံလောက်သူများအခက်တွေ့

သတင်းနှင့်မီဒီယာကွန်ယက်မှ ကူးယူဖော်ပြသည်။

ထိုင်း- မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ပြင်ပ ပွဲစားများ လာရောက်ဝယ်ယူမှုကြောင့် ဆန်ဈေးနှစ်ဆ ခန့် မြင့်တက်သွား၍ ရိက္ခာမလုံလောက်သူများ အခက်အခဲကြုံနေရသည်။

စခန်းအတွင်းဆန်ဈေးမှာ (၁၅) ကီလို ရှိသည့် ဆန်တပုံးသည် (၁၅၀) ဘတ်ခန့်မှ (၃၀၀)ဘတ်အထိ ဈေးတက် သွားကြောင်း ဒုက္ခသည်တဦးက ပြောသည်။

“သူတို့တွေက အရင်တုန်းကလည်း မဲဆောက်က ဒီလိုပိုနေတဲ့ ဆန်တွေကိုလာဝယ်တာပဲ၊ပိုနေတဲ့ ဆန် ဆိုတာက အကြောင်းအရာ အမျိုးမျိုးကြောင့် အပြင်ထွက်ပြီး အလုပ်လုပ်နေတဲ့လူတွေ ဘာညာဆိုတာ မျိုးကို ၀င်ဝယ်တာပဲ၊ ၀င်ဝယ်ပေမယ့် ဒီမှာအလု အယက်ကို ၀င်ဝယ်နေကြတဲ့ အခါကျတော့ အရင်ရှိ တာထက်ကိုပိုပြီး ၀ယ်လိုအားကောင်းလာတဲ့ အခါကျတော့ အဲဒီဆန်ဈေးတက် လာတော့ ပြဿနာက ဘာဖြစ်လာလဲဆိုတော့ အရင်တုန်းကဒီ ဒုက္ခသည်ထဲမှာရှိတဲ့ ရိက္ခာမရတဲ့သူတွေက ဒါတွေနဲ့ ၀ယ်စား မယ် ဆိုရင် လုံလောက်မှုရှိတယ်လေ၊ အခုဈေးတွေက တအားတက်ပြီး အလုအယက်ဝယ်ကြတဲ့ အခါ ကျတော့ ဆန်က အပြင်ထွက်မှုနှုန်းလည်း များလာတယ်။ များလာတဲ့အခါကျတော့ ဒီမှာရိက္ခာမရတဲ့ လူတွေက အဲဒီဆန်ကိုလိုက်ဝယ်ဖို့ကို ဆန်ဈေးကြီးကြီး ပေးရတဲ့အပြင် တော်တော်ကို ကသိကအောက် နိုင်တယ်လေ။ ”

ဒုက္ခသည်စခန်းတွင်းမှ ဆန်များရောင်းချမှုသည် ယခုအခါ ပိုမိုများပြားလာနေသည်ဟု ၄င်းက ဆက်ပြောသည်။

အသစ်ထပ်မံရောက်လာ၍ ရိက္ခာမရရှိသေးသူများနှင့် ရိက္ခာမလုံလောက်သူများမှာ ဆန်ဝယ်ရာတွင် အခက်အခဲ ကြုံနေရပြီး နောက်ပိုင်းတွင် ခိုးမှု၊ ၀ှက်မှုစသည့် ရာဇ၀တ်မှုများဖြစ်လာကာ စခန်းလုံခြုံရေးကိုပါ ထိခိုက်လာနိုင် သည်ဟု ၄င်းက ထောက်ပြ သည်။

ကရင်ဒုက္ခသည်ရေးရာကော်မတီ ၀င်တဦးက ဒုက္ခသည်များအနေဖြင့် အပိုဝင်ငွေရရန် ယခုလို ရောင်းချနေသည် ကို တားမြစ်ရန် ခက်ခဲကြောင်း သုံးသပ်သည်။

“ဆန်ဈေးက တကမ္ဘာလုံးတက်နေပါတယ်၊ အဲဒီဂယက်ဟာ ဒီကိုရောက်လာတာပေါ့နော်၊ သူ့ပစ္စည်းကို သူရောင်းတယ်ဆိုတော့ ကျွန်တော်တို့ ဘာနဲ့သွားတားမလဲ၊ သူရဲ့မွေးရာပါအခွင့်အရေးကို သွားတား မယ်ဆိုရင် ကောင်းပါ့မလား။ ကျွန်တော်တို့ စဉ်းစားရမယ်နော်၊ သူ့ခမျာကလည်း ဒုက္ခသည်အနေနဲ့ ရတဲ့ဆန်လေးတ၀က် သူရောင်းပြီးတော့ သူကြက်ဥလေး၊ ဘာလေးဝယ်မယ်၊ ကလေးဖျားလို့ နို့မှုန့် လေးဘာလေးဝယ်မယ်ဆိုရင် ဒါကျွန်တော်တို့က သွားတားမယ်ဆိုရင် အလုပ်တော့ မဖြစ်ဘူးပေါ့နော်”

ကမ္ဘာအနှံအပြားတွင် ဆန်စပါးပြတ်လပ်မှုနှင့် ရင်ဆိုင်ရပြီးနောက် ထိုင်းနိုင်ငံတွင် ဆန်ဈေးနှုန်းမှာ ယခင်ထက် နှစ် ဆ နီးပါးခန့် တက်လာခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန်...

မုန်တိုင်းမတိုင်မှီ ကုန်ဈေူးနှုန်းဇယား



ဆက်လက်ဖတ်ရှုပါရန်...

စစ်အစိုးရရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပြင်းအထန် ဝေဖန်

ဗွီအိုအေမှ ကူးယူဖြော်ပသည်။


ဆိုင်ကလုန်းမုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီရေးနဲ့ ပတ်သက်တဲ့ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုကို မနေ့က မွန်းလွဲပိုင်းမှာ နယူးယောက်ခ်မြို့ ကုလသမဂ္ဂ အဆောက်အဦမှာ ကျင်းပခဲ့ပါတယ်။ ဒုက္ခသည်တွေဆီ ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့နဲ့ အခက်အခဲတွေ များနေရင် မြန်မာပြည် ဒီထက်ပို အခြေအနေ ဆိုးမယ့်အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုကျော်အောင်လွင်က အစီရင်ခံထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
မစ္စတာ ဘန်ကီမွန်း

နာဂစ်ဆိုတဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ ၁၁ ရက်မြောက်နေ့မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာဖြစ်ပြီးတော့ သူ့အနေနဲ့ မြန်မာ့မုန်တိုင်းဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေ အကြီးအကျယ် ဖြစ်နေသလိုပဲ တုံ့ပြန်မှုတွေ နှေးကွေးနေတာနဲ့ ပတ်သက်ပြီးတော့လည်း သူ အကြီးအကျယ် စိတ်ပျက်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ စစချင်းမှာကိုပဲ အခုလို မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

“မြန်မာစစ်အစိုးရရဲ့ သတင်းတွေအရတော့ သေဆုံးသူပေါင်း မနေ့က မနက်အထိ ၃၁,၉၃၈ ယောက်နဲ့ ပျောင်ဆုံးနေတဲ့သူပေါင်း ၃၃,၄၆၀ အထိ ရှိလာနေပါပြီ။ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေရဲ့ သတင်းတွေအရတော့ ဒီထက်မက အများကြီး ပိုနေပါတယ်။ ကျနော်တို့ဟာ တကယ့်ကို အရေးတကြီး ဖြစ်နေတဲ့ အခြေအနေမှာ ရောက်နေတာပါ။ မြန်မာပြည်ထဲကို အကူအညီတွေ များများနဲ့မြန်မြန် မရောက်လို့ရှိရင် ရောဂါဘယတွေ ကူးဆက်ပြန့်ပွားလာတော့မယ့် အခြေအနေတွေ ဖြစ်နေပါတယ်။ အဲဒါကြောင့် ဒီလူတွေ အသက်ရှင်ရေးကို ပထမဆုံးထားပြီးတော့ လုပ်ပါဆိုပြီး မြန်မာစစ်အစိုးရကို ကျနော်တိုက်တွန်းနေတာပါ” - လို့ မစ္စတာ ဘန်ကီမွန်းကနေ ပြောသွားခဲ့ပါတယ်။

ကြိုတင်ကာကွယ်မှုတွေကို အကုန်လုံး လုပ်နိုင်မှ၊ ဒါမှမဟုတ်ရင်တော့ ပိုဆိုးတဲ့ ဒုက္ခတွေ ကြုံတွေ့ရလိမ့်မယ်လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဲန်ဂျီအို အဖွဲ့အစည်းတွေရဲ့ ကူညီမှုတွေ ထိထိရောက်ရောက်ရဖို့ လုပ်ကိုင်ကြတဲ့နေရာမှာ လွတ်လွတ်လပ်လပ်နဲ့ သွားလာလုပ်ကိုင်ဖို့က အရေးတကြီး လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

“နိုင်ငံခြား ကယ်ဆယ်ကူညီရေးလုပ်သားတွေကို မြန်မာပြည်ဝင်ခွင့် ဗီဇာတွေ မပေးဘဲ မြန်မာအစိုးရက ဆက်ပြီးတော့ ငြင်းပယ်နေတာတွေ ရှိနေပါတယ်။ ကျနော်တို့ အခုထက်ထိ လုပ်နိုင်တဲ့ အခြေအနေတွေဟာဆိုလို့ရှိရင် ဒုက္ခရောက်နေသူပေါင်း ၂၇၀,၀၀၀ ရဲ့ ဆယ်ပုံတစ်ပုံ ကိုတောင် မလုပ်နိုင်သေးပါဘူး။ အစားအသောက် အကူအညီတွေဟာ ဆိုလို့ရှိရင်လည်း မြန်မာပြည်ထဲကို ခွင့်ပြုထားတာ အခုထိ လုပ်အပ်နေတာရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိသေးဘူး။” - လို့ ပြောသွားပါတယ်။

“မြန်မာစစ်အစိုးရဖက်က နိုင်ငံတကာအကူအညီတွေကို ချုပ်ချယ်တင်းကြပ် ထားတာကနေ အခုတော့ တဖြည်းဖြည်းချင်း စပြီးတော့ ခွင့်ပြုမှုတွေတော့ ရှိလာပါပြီ။ ဒါပေမယ့် ကျနော် ထပ်ပြီးတော့ ပြောလိုက်ပါမယ်။ အကူအညီတွေဟာ အကြီးအကျယ်ကို လိုအပ်နေပါသေးတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ကျနော် တယ်လီဖုန်း အကြိမ်ကြိမ် ဆက်ခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပူးပေါင်းဆောင်ရွက်မှု အပြည့်အ၀ ရရေးပါ။ ဒါပေမယ့်လည်း သူ့ဆီကို တယ်လီဖုန်း ဘယ်လိုမှ ဆက်လို့မရခဲ့ပါဘူး။ ဒါကြောင့်မိုလို့ သူ့ဆီကို ဒီနေ့မနက်ပဲ သံတမန်လမ်းကြောင်းကနေ တဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို စာတစ်စောင် ပေးပို့လိုက်ရပါတယ်။ ဒါဟာ မုန်တိုင်းတိုက်ခတ်ပြီးနောက် ဒုတိယအကြိမ် ကျနော် ပေးပို့လိုက်တဲ့စာပါ။ ကူညီကယ်ဆယ်ရေး အရာရှိတွေအတွက် ပြည်ဝင်ခွင့် ဗီဇာတွေ ခပ်မြန်မြန် ထုတ်ပေးလိမ့်မယ်လို့လည်း ကျနော် မျှော်လင့်နေပါတယ်။

“နိုင်ငံတကာက အကြီးအကျယ် ၀ိုင်းပြီးတော့ ကူညီနေကြတာတွေကို အသိအမှတ် ပြုပါတယ်။ လေးစားပါတယ်။ အာဆီယံနိုင်ငံတွေနဲ့လည်း ကျနော် အနီးကပ်ကို ဆောင်ရွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပါတယ်။”

“မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ အပါအ၀င် နိုင်ငံတော်တော်များများနဲ့ ပြောဆိုလုပ်ကိုင် နေတဲ့နေရာမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ အရပ်ဖက်ကရော၊ စစ်ဖက်ကရော အဲဒီနိုင်ငံတွေက ၀ိုင်းပြီးတော့ အကူအညီ ပေးကြဖို့ ကျနော် ပြောဆိုထားပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေက တတ်နိုင်သမျှ အကူအညီတွေကို ချက်ချင်းပေးကြဖို့ တာဝန်တွေ ရှိပါတယ်။ အဲဒါကိုလည်း ကျနော် တိုက်တွန်းပြောဆိုပါတယ်။ အခုကိစ္စဟာ နိုင်ငံရေးကိစ္စမဟုတ်ဘူး ဆိုတာကို ကျနော် သေသေချာချာ ပြောချင်ပါတယ်။ ဒါဟာ လူတွေရဲ့ အသက်တွေကို ကူညီ ကယ်ဆယ်ရေး ကိစ္စပါ။ လူတွေရဲ့ အသက်တွေ ထပ်ပြီးတော့ မဆုံးရှုံးရအောင် လုပ်ရမယ့်အချိန် ရောက်နေပါပြီ။”

သတင်းစာရှင်းလင်းပွဲအပြီး အမေးအဖြေ လုပ်တဲ့အခါမှာလည်း သတင်းထောက်တွေ အဓိကထား မေးကြတဲ့အထဲမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့ မြန်မာစစ်အစိုးရကို အရေးယူ ပိတ်ဆို့မှုတွေ၊ ဒါမှမဟုတ်ရင် ပိုတင်းကြပ်တဲ့ ကိုင်တွယ် ဖြေရှင်းမှုတွေ လုပ်မလားလို့ မစ္စတာ ဘန်ကီမွန်းကို ပြောဆိုမေးမြန်းကြပါတယ်။ အဲဒီအခါမှာတော့ မစ္စတာ ဘန်ကီမွန်းက -

“ဒါကတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေရဲ့အပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စကို ဆုံးဖြတ်ချက်ချဖို့ သူတို့ ဆွေးနွေးကြမလား။ ဒီအကြောင်းကို အရေးယူဆောင်ရွက်မှုတွေ လုပ်ကြမလားဆိုတာ အဖွဲ့ဝင် နိုင်ငံတွေရဲ့သဘောပါပဲ။ ဒီအချိန်မှာတော့ ကျနော် အဓိကထားပြီး အာရုံစိုက်နေတာကတော့ လူသားချင်းစာနာတဲ့ အကူအညီတွေ ဒုက္ခသည်တွေဆီကို မြန်နိုင်သမျှ အမြန်ဆုံး ပေးပို့နိုင်ဖို့ပါပဲ။” - လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မနေ့က ကုလသမဂ္ဂမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာပြည်နဲ့ပတ်သက်ပြီးတော့ ရှင်းလင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု ကူညီရေးဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်း(စ်) ကလည်း မုန်တိုင်းဒုက္ခသည်တွေအကြောင်း ပြောပြခဲ့ပါသေးတယ်။

ဂျွန်ဟုမ်း(စ်) က သတင်းစာရှင်းလင်းပွဲအပြီးမှာ သတင်းထောက်တွေ ၀ိုင်းမေးကြတာကို ဖြေကြားခဲ့တာ ရှိပါတယ်။ အဲဒီထဲမှာတော့ မြန်မာစစ်အစိုးရဖက်က ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ ကယ်ဆယ်ကူညီရေး ပုဂ္ဂိုလ်တချို့ကို မြန်မာပြည် လာခွင့်ရအောင် ဗီဇာတွေ ပေးခဲ့တာကို သတင်းကောင်းတစ်ခုအနေနဲ့ သူက ပြောဆိုခဲ့ပါတယ်။

“ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ ကူညီရေး၊ နောက်တခါ တခြား အေဂျင်စီက ကူညီရေးပုဂ္ဂိုလ်တွေ စုစုပေါင်း ၃၄ ယောက်ကို မြန်မာပြည်ထဲ ၀င်ခွင့်ပေးခဲ့တာ အခု သူတို့ရောက်နေကြပါပြီ။ နောက်ထပ်လည်း ပေးလိမ့်မယ်လို့ အကောင်းဖက်ကနေ ရှုမြင်ရမယ့် သဘောတွေ ရှိနေပါတယ်။ ဒါပေမယ့် အခုလောက်ပေးယုံနဲ့တော့ မလုံလောက်ပါဘူး။ အကူအညီတွေကို မြန်မြန်ဆန်ဆန် ဖြန့်ဝေပေးဖို့က နိုင်ငံခြား တပ်တွေရဲ့ အကူအညီတွေ လိုအပ်နေပါတယ်။ ဒါတွေကို မြန်မာစစ်အစိုးရဖက်က ခွင့်ပြုရေးဟာ အရေးကြီးပါတယ်။” - လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ကူညီရေးဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်း(စ်) က ပြောသွားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုပါရန်...

အမေရိကန် ကယ်ဆယ်ရေး ပစ္စည်းတွေ ရန်ကုန်ကို ရောက်ရှိ၊ ဖြန့်ဖြူးရေး အတွက် စစ်အစိုးရ ကတိမပေးသေး

ဗွီအိုအေမှ ကူးယူဖော်ပြသည်။

ဒုက္ခသည်တွေအတွက် ခြင်ထောင်တွေ၊ စောင်တွေနဲ့ သောက်ရေသန့်တွေ တင်ဆောင်သွားတဲ့ စီ-၁၃၀ အမျိုးအစား အမေရိကန်စစ်လေယာဉ်ဟာ ဒီကနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံကို သွားပြီးတော့ မြန်မာနိုင်ငံ တာဝန်ရှိသူတွေဆီကို ပေးခဲ့ပါတယ်။ ဒီလေယာဉ်နဲ့အတူပါသွားကြတဲ့ အမေရိကန်ဘက်က တာဝန်ရှိသူ တွေကလည်း မြန်မာအစိုရ အရာရှိတချို့နဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
သူတို့ ဒီလိုမြန်မာနိုင်ငံကို သွားရောက် ပစ္စည်းပေးဆွေးနွေးပြီးတော့ နေ့တွင်းချင်းပဲ ထိုင်းနိုင်ငံကို ပြန်ရောက်တဲ့အခါမှာ သူတို့ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံမှာ လုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကိုတော့ ဘန်ကောက်က ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက သွားရောက်ပြီး သတင်းယူခဲ့ပါတယ်။


အဲဒီတော့ ကိုကျော်ကျော်သိန်းရေ၊ မြန်မာနိုင်ငံကိုပေါ့လေ ကူညီပစ္စည်းတွေသွားပို့ခဲ့တဲ့ အဲဒီသတင်းစာ ရှင်းလင်းပွဲကနေ ဘာတွေများသိခဲ့ရပါလဲရှင့်၊ -
“ဒီသတင်းစာရှင်းလင်းပွဲမှာ ကျနော်တို့ သိခဲ့ရတာက မနက်ဖန်မှာ ဒီနေ့လိုပဲ နောက်ထပ် လေယာဉ်နှစ်စင်း ထပ်သွားဖို့ ရှိတယ်ဆိုတာ ကျနော်တို့သိရတယ်၊ နောက်ပြီးတော့ မြန်မာတာဝန် ရှိသူတွေနဲ့ တွေ့ခဲ့တဲ့အခါမှာ အမေရိကန်က နောက်ထပ် ကမ်းလှမ်းထားတဲ့ ကျွမ်းကျင်သူတွေ လွှတ်ပေးဖို့၊ ဒီထက်ပိုတဲ့ အကူအညီတွေကိစ္စ၊ အဲဒါတွေနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ ကတိက၀တ် အဲဒါမျိုး ဘာမှမရခဲ့ဘူးဆိုတာ ကျနော်တို့သိရပါတယ်။”
ဘယ်သူတွေနဲ့ရော တွေ့ခွင်ရတယ်ဆိုတာ ပြောပါသလဲ၊ -
“ဟုတ်ကဲ့ပြောပါတယ်၊ သူတို့ တွေ့ခဲ့ရတာက ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဌေး၊ နောက် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဒုတိယ ၀န်ကြီး၊ နောက် နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ သူတို့က တွေ့ခွင့်ရခဲ့ပါတယ်။ ကျွမ်းကျင်သူများ ဒါးလ် အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဒေလ်ဘာကာကို မေးကြည့်တော့ သူတို့တွေ့ခဲ့တာ တစ်နာရီကျော် ကြာတယ်လို့ ပြောပါတယ်ခင်ဗျ။”
အဲလို တစ်နာရီကြာတဲ့အချိန်မှာာ ဘယ်လိုဆွေးနွေးမှုတွေ ရခဲ့သလဲ။ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ၊ -
“အဲဒါနဲ့ပတ်သက်လို့ အဓိက ပြောသွားတာကတော့ USAID ရဲ့အရာရှိ မစ္စဟင်နရီယာဒါဖိုးက အဓိက ပြောသွားပါတယ်၊ သူက သူတို့ လုပ်ချင်တဲ့ဟာတွေ၊ သူတို့ကူညီချင်တဲ့ဟာတွေ၊ စိတ်ကူးတွေ၊ သူတို့ စီစဉ်ထားတဲ့ဟာတွေ။ အဲဒါတွေကို အပြန်အလှန် ဆွေးနွေးကြတယ်၊ နောက်တခါ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မစ္စတာဂီတင်က ပစိဖိတ်ရေတပ်ဌါနရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ၊ ဒီလို ဘေးအန္တရယ် ကျရောက်တဲ့ဒေသတွေမှာ လုပ်ဆောင်နိုင်စွမ်းတွေကို ရှင်းပြပါတယ်။ တခါ ဒါးလ်အဖွဲ့ရဲ့ ခေါင်းဆောင် ဒေလ်ဘာကာ ကလည်း သူတို့အဖွဲ့က ဘာတွေ လုပ်နိုင်တယ်၊ ဘာတွေ အကူအညီ ပေးနိုင်တယ်ဆိုတာ ရှင်းပြခဲ့ပါတယ်ခင်ဗျ။”
မြန်မာပြည်ဘက်က ကူညီ ကယ်ဆယ်ရေးဆိုင်ရာ ၀န်ကြီးနဲ့လည်း တွေ့ခဲ့တယ်ဆိုတော့ သူတို့ဘက်က ဘာမှမပြောဘူးပေါ့နော်၊ -
“တဘက်က မြန်မာအာဏာပိုင်တွေဘက်က တိတိကျကျ ကတိက၀တ်စကား မပြောခဲ့သလို သူတို့လည်း အဲဒါတွေကို ဘာမှမရခဲ့ပါဘူး၊ သူတို့်ကသာ သူတို့ဘာတွေ လုပ်ပေးနိုင်တယ်၊ သူတို့မှာ ဘာတွေ ပြင်ဆင်ထားတယ်ဆိုတာ ဒီဘက်ကနေပြီးတော့ တိတိကျကျ ကမ်းလှမ်းခဲ့တာပဲ ရှိပါတတ်ခင်ဗျ၊”
သူတို့ယူသွားတဲ့ပစ္စည်းတွေနဲ့ပတ်သက်လို့ရော မြန်မာတာဝန်ရှိသူတွေ လက်ထဲကို လွှဲပေးခဲ့ပြီပေါ့၊ -
“ဟုတ်ကဲ့၊ တာဝန်ရှိသူတွေလက်ထဲကို လွှဲပေးခဲ့ပါတယ်၊ အဲဒါနဲ့ပတ်သက်လို့ ဒါတွေ ဘယ်လိုဖြန့်ဝေမလဲ ဆိုတဲ့ မေးခွန်းတွေ ထွက်လာပါတယ်၊ အဲဒီမေးခွန်းတွေအပေါ်မှာ မစ္စ ဒါဖိုး ကတော့ ဟိုအထဲမှာ ရှိနေတဲ့၊ မြန်မာနိုင်ငံထဲမှာ လက်ရှိလုပ်ဆောင်နေတဲ့ USAID နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေတဆင့် တကယ်ဒုက္ခခံစားနေရတဲ့၊ တကယ် ဘေးဒုက္ခရောက်နေတဲ့ လူတွေလက်ထဲကို တိုက်ရိုက်ပို့ပေးမယ်လို့ သူက အဲလိုပြောတာပါ၊ အစိုးရက ဒါတွေကို လက်ခံယူထားပါတယ်၊ ဒါပေမယ့် အစိုးရက ဖြန့်ဖြူးသလို အထဲမှာလက်ရှိ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကလည်း ဒီလိုပဲဖြန်ဖြူးမှာပါလို့ သူက အဲလိုဖြေပါတယ်ခင်ဗျ၊”
မနက်ဖန်မှာလည်း လေယာဉ် နှစ်စီးတိုက်စာ ပေးမယ်ဆိုတော့ ဒီကနေ့ ခရီးစဉ်အပေါ်မှာ သူတို့အနေနဲ့ ကျေနပ်အားရတဲ့သဘောကြောင့်မို့ရော ဒီလိုယူဆလို့ ရမလားရှင့်၊ -
“အဲဒီလို သဘောထက် သူတို့က နဂိုကတည်းက အကူညီတွေ ဆက်တိုက် ပေးပို့သွားဖို့ အစီအစဉ် ရှိတာကြောင့် အဲလို ကမ်းလှမ်းပြီးလည်း အစီအစဉ်ရှိတာကြောင့် ဒီနေ့ လေယာဉ်တစ်စင်းကို လက်ခံလိုက်ပြီးတဲ့နောက်မှာ နောက်ထပ် လေယာဉ် နှစ်စင်းလက်ခံဖို့အတွက် မြန်မာ အာဏာပိုင်တွေဘက်က သဘောတူပြီးသားရှိသလို အမေရိကန်ဘက်ကလည်း ဒါက ပြင်ဆင်ထားပြီးသား အဆင်သင့် ဖြစ်တဲ့အတွက် ပို့ခွင့်ရတယ်လို့ပဲ ကျနော်တို့ ယူဆရမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ အာဏာပိုင်တွေဘက်က နောက်ထပ်ပေါ့နော် ကျွမ်းကျင်သူတွေ လက်ခံဖို့၊ နောက်ထပ် အကူအညီတွေ ဒီထက်ပိုပြီး လက်ခံဖို့နဲ့ပတ်သက်ပြီးတော့ ဘာမှတိတိကျကျ ခိုင်မာတဲ့ ကတိက၀တ် မရတဲ့အခါကျတော့ အမေရိကန် တာဝန် ရှိသူတွေဘက်ကတော့ ဒီအပေါ်မှာ အားမလိုအားမရ ဖြစ်တဲ့ပုံစံ၊ မကျေမနပ်ဖြစ်တဲ့ပုံစံ ဘာမှမပြပါဘူးခင်ဗျ၊”
နောက်တစ်ခုက ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံထဲကိုဝင်ဖို့အတွက်ကို ဗီဇာစောင့်နေကြတဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေပေါ့လေ အခြေအနေရော ဘာများသိရသလဲရှင့်၊ -
“ကျနော် အဲဒီကိစ္စကိုလည်း မေးကြည့်ပါတယ်၊ ဒါးလ်အဖွဲ့ရဲ့ခေါင်းဆောင် ဒေလ်ဘာကာကို ကျနော် မေးကြည့်တော့ ဘယ်လိုဗီဇာမျိုးမှ မရသေးပါဘူး၊ နောက်တခြား နိုင်ငံတကာက အစိုးရမဟုတ်တဲ့ ကူညီရေးအဖွဲ့တွေကလည်းပဲ ဘယ်သူမှ ပြည်ဝင်ခွင့်ဗီဇာ ထပ်ရတယ်ဆိုတဲ့ သတင်းတွေ မရသေးပါဘူးခင်ဗျ၊ အဲဒါတွေက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ သိလာရတဲ့အချက်တွေပါ၊ တဆက်တည်းမှာပဲ မစ္စဟင်နရီဒါဖိုးက နောက်ဆုံးပြောသွားတဲ့အထဲမှာ ဘာပါသလဲ ဆိုတော့ အခုကိစ္စက မြန်မာပြည်က ဒုက္ခရောက်နေသူတွေကို ကူညီရေးကိစ္စဟာ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်တယ်။ အချိန်ယူရမယ်၊ ကြိုးပမ်းအားထုတ်မှုတွေ အများကြီးလုပ်ရမယ်၊ ဘယ်ကိစ္စအပေါ် အဓိက လုပ်မလဲဆိုတာ အာရုံးစူးစိုက် လုပ်ရမယ်။ နောက်တခါ မြန်မာအစိုးရနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမယ် အစရှိသည်အားဖြင့် သူတို့ဖက်က အကောင်းမြင်ပေါ့လေ ဒုက္ခရောက်နေတဲ့ သူတွေကို ဆက်ပြီး တိုးပြီး ကူညီသွားနိုင်ဖို့ အကောင်းမြင် မျှော်လင့်ချက် စကားတွေကိုပဲ ပြောသွားခဲ့ပါတယ်ခင်ဗျား။”
ဒါကတော့ ဘန်ကောက်က သတင်းစာရှင်းလင်းပွဲကို သွားရောက်ပြီး သတင်းယူခဲ့တဲ့
ဝိုင်းတော်သား ကိုကျော်ကျော်သိန်း ပြောပြခဲ့တာပါ။ ဒီသတင်းစာရှင်းလင်းပွဲက ကယ်ဆယ်ရေးပစ္စည်းတွေကို ပို့ခဲ့အပြီးမှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲပါ။ ပစ္စည်းတွေ မပို့ခင်တုန်းကလည်း ထိုင်းနိုင်ငံ၊ ဥတာပါအို လေတပ်စခန်းမှာ သတင်းစာရှင်းလင်းပွဲကို လုပ်ခဲ့ပါသေးတယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ လေယာဉ်နဲ့အတူ လိုက်သွားမယ့် USAID နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အမေရိကန် အေဂျင်စီက အရာရှိ ဟင်နရီဒါဖေါ က သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့ပါတယ်။
“နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အစိုးမဟုတ်တဲ့ ပရဟိတ အကျိုးဆောင်အဖွဲ့တွေကို မုန်တိုင်း ဒဏ်ခံခဲ့ရတဲ့ ဒေသတွေ သွားပြီးတော့ လူမှုရေးအကူညီတွေကို မြန်မာစစ်အစိုးရအနေနဲ့ ခွင့်ပြုပါလို့ ကျမတို့ ဆက်ပြီး တိုက်တွန်းသွားကြမှာပါ၊”
တခါ ဒီလေယာဉ်နဲ့လိုက်သွားခဲ့တဲ့ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး တင်မသီကီတင် ကလည်း မြန်မာနိုင်ငံကို မထွက်ခွာမီမှာ ဘန်ကောက်က ဥတာပါအို လေတပ်စခန်းမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူတို့ခရီးစဉ်ဟာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဖို့ သက်သက်သာ ဖြစ်တယ်လို့ အခုလို ပြောသွားပါတယ်။
“မြန်မာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို ကျနော်တို့ရတဲ့အခါ ကျနော်တို့အဓိက ဦးတည်တာက မြန်မာပြည်သူတွေအတွက် အကူညီပေးဖို့ပါ၊ လေယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေနဲ့ သွားမယ့် တပ်ဖွဲ့ဝင်တွေဟာ စနစ်တကျ လေ့ကျင့်ထားတဲ့ သူတွေပါ၊ သိပ်ကိုကျွမ်းကျင်တဲ့ စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေ၊ နောက်ဆုံးပေါ် ဆေးရုံးသုံး ကိရိယာပစ္စည်းတွေလည်း ပါပါတယ်၊ ခွင့်ပြုချက်ရတာနဲ့ ပို့မှာပါ၊ အမေရိကန်ရေတပ်က ရေတပ်သင်္ဘော ၃ စင်းဟာ မြန်မာနိုင်ငံ အနောက်တောင်ဘက် ကမ်းကို ချဉ်းကပ်ရွေ့နေပါတယ်၊ သူတို့ဟာ နိုင်ငံတကာ ရေပိုင်နက်ထဲမှာပဲ ရှိနေပါတယ်၊”
ဒါကတော့ မြန်မာနိုင်ငံကို ကယ်ဆယ်ရေး ပစ္စည်းတွေ သွားမပို့ခင်တုန်းက ဥတာပါအို ထိုင်းလေတပ်စခန်းမှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတုန်းက ပြောကြားသွားတာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုပါရန်...

ထိုင်းမှ လှူသည့် သွပ်ပြားများ လွတ်လပ်စွာ ၀ယ်ယူအားပေးနိုင်သည်

သံလျင်ကျောက်တန်းတွင် မီးလောင်နေသည်။ ညနေ ၄ နာရီဝန်းကျင်တွင် ဓာတ်ဆီဆိုင်မှ စတင် လောင်ကျွမ်းခဲ့သော မီးသည် အိမ်ခြေ ၂၀ ခန့်ကို လောင်မြိုက်သွားပြီး ယခု ညနေ ၅ နာရီထိလည်း လောင်ကျွမ်းနေဆဲ ဖြစ်သည်။

ထိုင်းနိုင်ငံမှ လှူဒါန်းခဲ့သော သွပ်ပြား တန်ချိန် ၂၀ ခန့်ကိုလည်း လုပ်ငန်းရှင် တဦးက ရေလုပ်ငန်းဦးစီးဌာနရုံးရှေ့၌ တချပ်ကို ၆၀၀၀ ကျပ်နှုန်းနှင့် ယနေ့ ရောင်းချလျက် ရှိသည်။ မည်သူမဆို လွတ်လပ်စွာ သွားရောက်ဝယ်ယူ အားပေးနိုင်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန်...

တရုတ်ငလျင် လူ ၅၀၀၀ သေ

ဟစ်တိုင်မှ ကူးယူဖော်ပြသည်။


တရုတ်အလယ်ပိုင်းတွင် အင်အားပြင်းထန်သော ငလျင်တခု လှုပ်သွားရာ ခရိုင်တခုတည်းတွင် လူ ၅၀၀၀ ခန့် သေဆုံးပြီး စာသင်ကျောင်း ပြိုကျရာတွင် ကျောင်းသူကျောင်းသားကလေး ၉၀၀ နီးပါး ပိတ်မိနေကြောင်း တရုတ်အစိုးရ မီဒီယာက ကြေညာသည်။ ဇင်ဟွာ သတင်းဌာနက ပြင်းအား ၇ ဒသမ ၈ ရှိ ငလျင်လှုပ်သွားပြီးနောက် စီချွမ်ပြည်နယ် ဘိုင်ချွမ်ခရိုင်တွင် ၃၀၀၀ မှ ၅၀၀၀ အထိ သေဆုံးသွားကြောင်း ပြောကြားသည်။ ငလျင်လှိုင်းကို ပါကစ္စတန်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမှပါ ခံစားလိုက်ရသည်။

အထက်တန်းကျောင်း ပြိုကျရာတွင် ကိုးတန်းကျောင်းသား လေးယောက် သေဆုံးသွားကြောင်း ဇင်ဟွာသတင်းက ဆိုသည်။ ဓာတ်ပုံများတွင် ပျက်စီးသွားသော ကျောင်းထဲမှ အပျက်အစီးများကို ကရိန်းကားကြီးများဖြင့် ဖယ်ရှားနေပုံကို ပြထားသည်။ ဇင်ဟွာသတင်းဌာနက ကျောင်းသားမည်မျှ သေဆုံးမည် စိတ်ပူရကြောင်း မပြောပေ။ ကျောင်းပြိုကျရာတွင် အပျက်အစီးများအောက် ပိမိနေသော ဆက်ကျော်သက်များသည် လူးလွန့်ရုန်းကန်နေကြပြီး အခြားသူများမှာလည်း ကယ်ပါယူပါ အော်ဟစ်နေကြကြောာင်း မိုင် ၆၀ အကွာရှိ ဇူယွမ်မြို့မှ သတင်းထောက်များက ပြောကြားသည်။ အခြားသူများထက် မြန်အောင် ပြေးနိုင်သော မိန်းကလေး နှစ်ဦးမှာ အသက်ရှင်လွတ်မြောက်လာကြောင်း ဇင်ဟွာသတင်းဌာနက ဆိုသည်။

ယခု မြေငလျင်သည် ပီကင်း နွေရာသီ အိုလံပစ်ပွဲ မတိုင်မီ သုံးလမပြည့်မီကလေးအတွင်း တုန်လှုပ်လိုက်ခြင်း ဖြစ်သည်။ တရုတ်က အိုလံပစ်ပွဲကို သူ၏ တိုးတက်မှုကို ပြသဖို့ မှန်ဘီရိုအဖြစ် အသုံးချရန် မျှော်လင့်ထားသည်။ ပီကင်း အိုလံပစ်သို့ နိုင်ငံခြားသား သိန်းနှင့်ချီ၍ လာရောက်မည်ဟု မျှော်လင့်ထားသည်။

ချန်ဒူမြို့တွင် စိုးရိမ်ထိတ်လန့်နေသော ဒေသခံများသည် တယ်လီဖုန်းလိုင်းများကို စုပြုံသုံးစွဲနေချိန်တွင် မြို့သို့ ဖုန်းအ၀င်များ ရပ်တန့်သွားခဲ့သည်။ ငလျင်သည် တယ်လီဖုန်းနှင့် စွမ်းအင် ကွန်ယက်များကို ထိလိုက်သွားစေခဲ့ရာ အစိုးရ သတင်းဌာနပင်လျှင် ငလျင်အကြောင်း သတင်းအချက်အလက် အနည်းငယ်မျှသာ ရခဲ့ပုံ ရသည်။

“ချန်ဒူမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေးတွေ ပိတ်ဆို့ပြီး ထောင်နဲ့ချီတဲ့ ဆာဗာတွေလဲ ချွတ်ယွင်းကုန်တယ်”ဟု ချိုင်းနားမိုဘိုင်း၏ ဒု အမှုဆောင်အရာရှိချုပ် Sha Yuejia က ဆိုသည်။ ချန်ဒူမြို့သို့ ဖုန်းဆက်ရန် ခက်ခဲနေသော်လည်း အစ္စရေး ကျောင်းသားတဦးဖြစ်သည့် ရိုနန် မက်ဇင်နီက အေပီ သတင်းဌာနသို့ မက်ဆေ့ခ်ျ ပေးပို့ကာ ရေနှင့်မီးများ ပြတ်ကုန်ကြောင်း အသိပေးခဲ့သည်။ “ယာဉ်ကြောတွေ ပိတ်နေတယ်။ ရေမလာဘူး။ မီးပြတ်သွားပြီ။ လူတိုင်း လမ်းပေါ်မှာ ထိုင်နေတယ်။ လူနာတွေ ဆေးရုံက ထွက်ပြီး အပြင်မှာ ထိုင်စောင့်နေကြတယ်“ဟု မက်ဆေ့ခ်ျတွင် ပါရှိသည်။

တရုတ်ပြည်တွင် နောက်ဆုံး လှုပ်ခဲ့သည့် အင်အားပြင်း ငလျင်မှာ ၂၀၀၃ ခုနှစ်က ဘာချုခရိုင်တွင် လူ ၂၆၈ ဦး သေခဲ့ရသည့် အင်အား ၆ ဒသမ ၈ ရှိ မြေငလျင် ဖြစ်သည်။

ခေတ်သစ် တရုတ်ပြည်သမိုင်းတွင် လူအသေအပျောက် အများဆုံး မြေငလျင်မှာ ၁၉၇၆ ခုနှစ်၊ ဇူလိုင် ၂၈ ရက်က တန်ရှန်းမြို့တွင် တုန်လှုပ်ခဲ့သော ငလျင်ဖြစ်ပြီး လူ နှစ်သိန်းလေးသောင်း သေပွဲဝင်ခဲ့ရသည်။ Type the rest of your post here.

ဆက်လက်ဖတ်ရှုပါရန်...

အရှင်ဂမ္ဘီရက ဆန္ဒခံယူပွဲကို သပိတ်မှောက်ထားပြီး ဒုက္ခသည်များကိုကူညီရန် မိန့်ကြား

ရိုးမ(၃)မှ ကူးယူဖော်ပြသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေကြသည့်သူများကို အကူအညီပေးရန်နှင့် ၎င်းအနေ ဖြင့် စစ်အစိုးရ၏ဆန္ဒခံယူပွဲကို သပိတ်မှောက်ထားကြောင်း သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရက ယနေ့မိန့်ကြားလိုက်သည်။

မုန်တိုင်းကြောင့် ဒုက္ခရောက်နေကြသူများကို တတ်နိုင်သမျှအကူညီများပေးကြရန် ပြည်သူလူထု နှင့်သံဃာထုတရပ်လုံးအား ယနေ့ထောင်ဝင်စာသွားတွေ့ခဲ့သည့် ညီမဖြစ်သူမှတဆင့် တိုက်တွန်း မိန့်ကြားလိုက်ခြင်း ဖြစ်သည်။

ညီမဖြစ်သူက “မုန်တိုင်းနဲ့ပတ်သက်တဲ့ သတင်းတွေအကုန်လုံးသူသိရတယ်၊ ကျမကိုလည်း ပြောလိုက်သေးတယ် အားလုံးဒုက္ခရောက်နေတဲ့သူတွေကို တတ်နိုင်သလောက် အကူညီပေး လိုက်ပါတဲ့။ သံဃာထုကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သလောက် လုပ်ကြဖို့မှာ လိုက်တယ်” ဟုပြောသည်။

ထို့ပြင် အရှင်ဂမ္ဘီရအပါအ၀င် အင်းစိန်ထောင်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ၈၈ မျိုး ဆက်သစ်ကျောင်းသားများက နအဖစစ်အစိုးရ၏ ဆန္ဒခံယူပွဲအား မဲမပေးပဲ သပိတ်မှောက်ထား ကြောင်းသိရသည်။

“ဘယ်လောက်ကြီးပဲ အနိုင်လုပ်လုပ် အာဏာရှင်ဆိုတာရှုံးမှာပဲ။ တကယ်ကျတော့ အာဏာရှင်ဆို တာ လူထုကို အမြဲတမ်းကြောက်ရတာလို့ပြောတယ်၊ အဲဒါကိုလူထုက သဘောမပေါက်လို့ အခု လိုဖြစ်နေတာလို့ ပြောတယ်၊ ဦးဇင်းတို့တွေအထဲက အားလုံးကတော့ မထည့်ကြဖူး၊ လုံးဝသပိတ် မှောက်ထားတယ်၊ အဲဒီသပိတ်မှောက်တဲ့အထဲမှာ ၈၈ မျိုးဆက်သစ်ကျောင်းသားတွေပါတယ် အားလုံးပါပဲ” ဟု အရှင်ဂမ္ဘီရ၏မိန့်ကြားချက်ကို ညီမဖြစ်သူက ပြန်ပြောပြသည်။

ထို့ပြင် စစ်အစိုးရက အကူအညီပေးရေးဆိုင်ရာ ပစ္စည်းများကို လက်ခံလိုသော်လည်း နိုင်ငံတ ကာမှ ကယ်ဆယ်ရေးအဖွဲ့များကို လက်ခံရန်နှောင့်နှေးနေခြင်းနှင့်ပတ်သက်၍ “လူသားချင်း ကာကွယ်ပေးရန် တာဝန်အရ ကုလသမဂ္ဂကို အသိပေးတိုင်တန်းပြီး လုပ်ကိုင်ဆောင်ရွက်သင့် သည်”ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏အကြံပေးချက်ကို အရှင်ဂမ္ဘီရက ထောက်ခံကြောင်း ၎င်းကပြောသည်။

ယခုလက်ရှိတွင် အရှင်ဂမ္ဘီအနေဖြင့် ကျန်းမာရေးကောင်းမွန်သော်လည်း မကြာမီက ဖြစ်ပွားခဲ့ သည့် မုန်တိုင်းဒဏ်ကြောင့် လူပေါင်းမြောက်မြားစွာသေဆုံးသည့်သတင်းကို ကြားနေရသဖြင့် တရားထိုင်မရဘဲ စိတ်ဖိစီးမှုများဖြစ်နေသည်ဟုလည်း ညီမဖြစ်သူက ရှင်းပြသည်။

မုန်တိုင်းကျရောက်သည့်နေ့တွင် အင်းစိန်ထောင် အဆောင်(၁)တွင် ဒို့ဗမာသီးချင်းများကို နိုင်ငံ ရေးအကျဉ်းသားများအပြင် ဇေယျာသော်၊ ရန်ရန်ချန်းတို့နှင့်တကွ သီဆိုခဲ့ကြပြီး အာဏာပိုင်များ က သေနတ်(၁၇)ချက် ပစ်ဖောက်ခဲ့သည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုပါရန်...

လေဘေးသင့် သက်ကြီးရွယ်အိုများကို အာဏာပိုင်များ ဒုက္ခပေး




ဆက်လက်ဖတ်ရှုပါရန်...

အမေရိကန်ရေတပ် စစ်သင်္ဘော (၃) စီး မြန်မာနိုင်ငံသွားပြီ

ခေတ်ပြိုင်မှ ကူးယူဖော်ပြသည်။

မြန်မာစစ်အစိုးရက ခွင့်ပြုလျှင် မုန်တိုင်းဒုက္ခသည်များအတွက် အသင့်ကူညီနိုင်ရန် အမေရိကန် ရေတပ် စစ်သင်္ဘော (၃) စီး မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။ အမေရိကန် စစ်သင်္ဘော (၃) စီးသည် ယခုအခါ ဘင်္ဂလားပင်လယ်အော်တွင် ရောက်ရှိနေကြောင်း အမေရိကန် ရေတပ် ဒု- ဗိုလ်ချုပ်ကြီး Doug Crowder က ပြောသည်။ အမေရိကန် တပ်မ (၇) ရေတပ်မှ ကုန်းရေ နှစ်မျိုးလုံးသုံးနိုင်သည့် စစ်သင်္ဘော (၃) စီး မြန်မာနိုင်ငံသို့ ဦးတည် ထွက်ခွာ သွားကြောင်း အမေရိကန် ရေတပ် ဒု- ဗိုလ်ချုပ်ကြီး Doug Crowder က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ သတင်းထောက်များကို ယခုကဲ့သို့ တနင်္လာနေ့တွင် ပြောခြင်းဖြစ်သည်။

အကူအညီပစ္စည်းများ ပထမဆုံးအကြိမ် တင်ဆောင်လာသည့် အမေရိကန် C-130 စစ်လေယာဉ် တစီး တနင်္လာနေ့တွင် ရန်ကုန်ရောက်ပြီး မကြာခင် အမေရိကန်ရေတပ် စစ်သင်္ဘော(၃) စီး မြန်မာနိုင်ငံသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။ မြန်မာစစ်အစိုးရဘက်က အဆိုပါ အမေရိကန်ရေတပ် စစ်သင်္ဘော (၃) စီးကို မြန်မာရေပိုင်နက်သို့ ၀င်ခွင့်ပေး မပေးဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဆက်လက်ဖတ်ရှုပါရန်...

ကြက်ခြေနီသင်္ဘော ကယ်ဆယ်ရေး ပစ္စည်းများ သယ်ယူစဉ် နစ်မြုပ်

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

နယူးဒေလီ။ ။ ဆိုင်ကလုံး လေဘေးဒဏ်ခံ ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်သွားသော ကြက်ခြေနီ သင်္ဘောတစင်း မြန်မာနိုင်ငံ ဧရာဝတီ မြဝ်ဝကျွန်းပေါ် ဒေသတွင် တနင်္ဂနွေနေ့က နစ်မြုပ်ခဲ့သည်။

အစားအစာ၊ အစတ်အစားနှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်သွားသော သင်္ဘောသည် ရေအောက်တွင် နစ်မြုပ်နေသော သစ်ပင်တပင်နှင့် တိုက်မိပြီး နစ်မြုပ်သွားခြင်း ဖြစ်သည်။

သင်္ဘောပေါ်တွင် လိုက်ပါသွားသော နိုင်ငံတကာ ကြက်ခြေနီအဖွဲ့မှ ဝန်ထမ်း ၄ ဦးလုံး အသက်မသေ လွတ်မြောက်ခဲ့သည်ဟု ထိုအဖွဲ့မှ ပြောသည်။

“ဒီသင်္ဘောက မြစ်ဝကျွန်းပေါ်ဒေသကို ပို့တဲ့ ကျနော်တို့ရဲ့ ပထမဆုံး သင်္ဘောပါ။ သင်္ဘောပေါ်ပါတဲ့ ကယ်ဆယ်ရေး ပစ္စည်းအများစု ဆုံးရှုံးသွားခဲ့ပေမယ့် ကျနော်တို့ ဝန်ထမ်းတွေတော့ ဘေးအန္တရာယ် ကင်းကြပါတယ်” ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ IFRC ၏ မီဒီယာအရာရှိ အဲရစ်ပေါ်တာဖီးလ်ဒ် (Eric Porterfield) က ပြောကြားသည်။

သင်္ဘောသည် မေလ ၂ ရက်နေ့က မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသသို့ ဖြတ်သန်းတိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရသည့် ဒေသတခု ဖြစ်သော ဘိုကလေးမြို့သို့ ရန်ကုန်မြို့မှ ထွက်ခွါသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သင်္ဘောပေါ်တွင် ဆန်အိတ် ၁ဝဝ၊ သောက်ရေသန့် လီတာ ၅ဝဝဝ၊ ရေသန့်ဆေးပြား တသောင်း၊ ရေသယ်ပုံး ၂ဝဝ၊ ထမ်းစင် ၁ဝ ခု၊ အဝတ်အစားပုံး ၃ဝ၊ တခုလျှင် အိမ်ထောင်စုသုံး ပစ္စည်း ၂၂ မျိုးပါဝင်သည့် မိသားစုသေတ္တာ ၃ဝ၊ ဆပ်ပြာချောင်း ၁ဝဝဝ၊ သားရေလက်အိတ် ၈ဝဝ နှင့် ခွဲစိတ်ခန်းသုံး မျက်နှာဖုံး ၁ဝဝဝ တို့ ပါဝင်သည် ဟု (IFRC) က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုပါရန်...

ရှမ်းပြည် (မြောက်ပိုင်း)နှင့် ကချင်ပြည်နယ် မဲရလဒ်များ

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

ရွှေလီ။ ။ ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲတွင် ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်တွင် ကန့်ကွက်မဲက အများစု အနိုင်ရပြီး၊ မူဆယ်မြို့နယ်တွင် ကန့်ကွက်၊ ထောက်ခံ မည်သည့်ဘက်က အနိုင်ရမည်ကို မသဲကွဲသေးသလို၊ ရှမ်းမြောက် အထူးဒေသ (၁) ကိုးကန့် ငြိမ်းချမ်းရေးအဖွဲ့ အခြေစိုက်ရာ ချင်းရွှေဟော် အပါအဝင် လောက်ကိုင် ခရိုင်တွင် ထောက်ခံမဲ ၉ဝ ရာခိုင်နှုန်း ရရှိခဲ့သည်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်ရာ ကချင် အထူးဒေသ (၂) လိုင်ဇာနှင့် စစ်ကိုင်းတိုင်း ကသာမြို့တွင်လည်း ထောက်ခံမဲ ရလဒ်က အသာစီးရခဲ့သည်။

ယခု အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ဒေသခံများ၏ ပြောဆိုချက်အတိုင်း တင်ပြလိုက်ပါသည်။

“နမ့်ခမ်းမြို့နယ်၊ ရှမ်းပြည် (မြောက်ပိုင်း)”
ကျေးရွာအုပ်စုများ

မဲစာရင်းများ လိုက်လံပြုစုသူ ရှမ်းအမျိုးသမီးတဦး ပြောဆိုချက် ...

မန့်ဟုန်း - ထောက်ခံမဲ ၉၈ ၊ ကန့်ကွက်မဲ ၁၁၄၅ ၊ ပယ်မဲ ၁၃၁
ကွန်လုံ - ထောက်ခံမဲ ၂ဝ၈ ၊ ကန့်ကွက်မဲ ၁၂၈၂ ၊ ပယ်မဲ ၄၃
နမ္မတီး - ထောက်ခံမဲ ၃၄ ၊ ကန့်ကွက်မဲ ၉၈၅ ၊ ပယ်မဲ ၂၇
ဟိုပွန် - ထောက်ခံမဲ ၁၃၂ ၊ ကန့်ကွက်မဲ ၈၈၁ ၊ ပယ်မဲ ၈၂
မန်ခံ - ထောက်ခံမဲ ၃၇၃ ၊ ကန့်ကွက်မဲ ၉၄၈ ၊ ပယ်မဲ ၇၃


မြို့ပေါ်ရပ်ကွက်များ

နောင်စန့်နှင့် ဟိုကတ်သူက ရပ်ကွက် ၂ ခုပေါင်း - ထောက်ခံမဲ ၉၉၇ ၊ ကန့်ကွက်မဲ ၁၅၅ဝ ၊ ပယ်မဲ ၇ဝ
ပေါက်တိုက်နှင့် အောင်မေတ္တာ ရပ်ကွက် ၂ ခုပေါင်း - ထောက်ခံမဲ ၈၁၈ ၊ ကန့်ကွက်မဲ ၁၄၈၅

(နမ့်ခမ်းမြို့ပေါ်တွင် ကန့်ကွက်မဲက အများစု အနိုင်ရရှိခဲ့သည်။)

“မူဆယ်မြို့နယ်၊ ရှမ်းပြည် (မြောက်ပိုင်း)”
ကျေးရွာအုပ်စုများ

ဇယ်လန့် - ထောက်ခံမဲ ၄၁၉ ၊ ကန့်ကွက်မဲ ၁ဝ၉၇ ၊ ပယ်မဲ ၁၁၄
နောင်လောင်း - ထောက်ခံမဲ ၂၆၄ ၊ ကန့်ကွက်မဲ ၉၂၅ ၊ ပယ်မဲ ၁၆ဝ
မန်ကန် - ထောက်ခံမဲ ၁ဝ၁ဝ ၊ ကန့်ကွက်မဲ ၄ဝ ၊ ပယ်မဲ ၎
ဖိုင်ကျောင်း - ထောက်ခံမဲ ၁၇၁ ၊ ကန့်ကွက်မဲ ၂၅၂ ၊ ပယ်မဲ ၁၇

မြို့ပေါ်ရပ်ကွက်များ

ကောင်းနောင်နှင့် ဈေးရပ်ကွက်တို့တွင် ထောက်ခံမဲက ပိုများသည်။

“ချင်းရွှေဟောင်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း”

ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့နှင့် နီးစပ်သူတဦး ...

ထောက်ခံမဲ ၁၄၆၇၊ ကန့်ကွက်မဲ မရှိ၊ ပယ်မဲ ၁၈ ရရှိသည်ဟု ဆိုသည်။

“ဗန်းမော်မြို့နယ်၊ ကချင်ပြည်နယ်”

ကျေးလက်နှင့် မြို့ပေါ်ရပ်ကွက် အားလုံးနီးပါးတွင် ထောက်ခံမဲရလဒ်က ပိုမိုများပြားကြောင်း ဒေသခံများက ပြောသည်။

အိမ်ရှင်မတဦး ...

“အကုန်ရှုံးတယ်။ အန်တီ သိရသလောက် စင့်ကင်ဆိုတဲ့ ရွာကြီးတရွာမှာပဲ နိုင်တယ်။ ဗန်းမော်မှာ ရပ်ကွက်ကြီး ၁၆ ရပ်ကွက် ရှိတယ်။ အကုန်လုံး ရှုံးသွားတယ်၊ ကန့်ကွက်မဲဘက်ကလေ။ ဘယ်လိုဖြစ်လို့လဲ ဆိုတော့ ကြိုတင်မဲ များတယ်။ ကြောက်ကြတာ များတယ်။ မသိ နားမလည်တာလည်း များတယ်။ ခွန်သာရပ်ကတော့ ကန့်ကွက်မဲ ထည့်တဲ့သူ များတယ်။ ဒါလည်း ရှုံးတာပဲ။ ဆင်ကုန်းရပ်ကဆို တရွာလုံးနီးနီး ကြိုတင်မဲ ယူထားတယ်။ မဲပေးတဲ့နေ့မှ သူကြီးကိုယ်တိုင် အမှန်ခြစ်တွေ ခြစ်ပြီး ထည့်လိုက်တယ်”

ဗန်းမော်သို့ ဈေးလာဝယ်သူ စင့်ကင်ကျေးရွာသားတဦး ...

“ကန့်ကွက်မဲက ၅ဝဝ ၊ ထောက်ခံမဲက ၄ဝဝ ၊ ပယ်မဲက ၁ဝဝ ကျော်နဲ့ နိုင်တယ်။ မယက ဥက္ကဋ္ဌက ရွာလူကြီးကို ဖုန်းဆက်ပြီး ကြိမ်းဝါးတယ်၊ ထုချေလွှာ တင်ခိုင်းတယ်။”

အခြား ဒေသခံတဦး ...

ညောင်ပင်ရပ်ကွက်တွင် ထောက်ခံ ၁၅ဝဝ ၊ ကန့်ကွက် ၅ဝဝ ၊ ပယ်မဲ ၄ဝ ၊ ခွန်သာရပ်ကွက်တွင် ထောက်ခံမဲ ၁ဝဝဝ ကျော်၊ ကန့်ကွက် ၂ဝဝ ကျော်၊ ပယ်မဲ ၃ဝဝ ၊ သာစည် ရပ်ကွက်တွင် အုပ်စု ၂ စုစလုံးတွင် ထောက်ခံမဲ ၁၇ဝဝ ကျော်၊ ကန့်ကွက်မဲ ၁၇ဝ ကျော် ရရှိသည်ဟု ဆိုသည်။

“ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်”

ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင်တဦး ပြောဆိုချက် ...

“ကန့်ကွက်မဲက နိုင်တာမရှိဘူး၊ ရှုံးနေတာပဲ များတယ်။ ဝိုင်းမော် မြို့နယ်ထဲမှာဆို သိသလောက် အကုန်လုံးရှုံးတယ်။ နိုင်တဲ့ စာရင်းကတော့ နောင်ချိန်းရွာ ထောက်ခံ ၁၅ဝ ၊ ကန့်ကွက် ၁၁၂ဝ ၊ ဒဘတ်ရွာမှာ ထောက်ခံ ၂၉ဝ ၊ ကန့်ကွက် ၄၅၃ ၊ ပယ်မဲ ၁၅ဝ ၊ စံပိုင် ထောက်ခံ ၄၈ ၊ ကန့်ကွက် ၁၉၅ ၊ ပယ် ၅ဝ ၊ ဂါးဒယန် ထောက်ခံ ၂၁၄ ၊ ကန့်ကွက် ၄၄ဝ ၊ ပယ် ၂၈ ၊ ဒိန်ဂါ ထောက်ခံ ၂၈ ၊ ကန့်ကွက် ၆၄ ၊ ပယ် ၁ဝ မဲ ။ ကျန်တဲ့နေရာတော့ အကုန်လုံး ထောက်ခံမဲ များတယ်”

“ဘာဖြစ်လို့ ကန့်ကွက်မဲက ရှုံးရသလဲဆိုတော့ သူတို့ လူတွေချည်းပဲ မဲရေတွက်တယ်။ စာရင်းလည်း သူတို့ဟာ သူတို့ လုပ်တယ်။ နောက် သိနေရတာက ကန့်ကွက်မဲတွေကိုလည်း ထောက်ခံမဲ လုပ်လိုက်တယ်။ မဲလာမပေးတဲ့ တုံကင် နံပါတ်တွေကိုလည်း သူတို့ဟာ သူတို့ ခြစ်ပြီး၊ ထောက်ခံမဲ ထည့်လိုက်တယ်။ အသက်မပြည့်သေးတဲ့ သူတွေကိုလည်း မှတ်ပုံတင် လုပ်ပေးပြီး၊ ထောက်ခံမဲ ထည့်ခိုင်းတယ်။ ကြောက်ကြတာရယ်၊ မဲလိမ်တာရယ်၊ အဲဒါကြောင့်ပေါ့။ ဒါကြောင့် ကျနော်တို့ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကတော့ ဒီရလဒ်ကို လုံးဝ အသိအမှတ် မပြုဘူး”

“ကချင် အထူးဒေသ (၂) လိုင်ဇာ၊ ကချင်ပြည်နယ်”

ဒေသခံတဦး ပြောဆိုချက် ...

“ကေအိုင်အေက လုပ်ချသွားလို့ ရှုံးသွားတာ။ ဒီမှာက သူတို့ ဝန်ထမ်းတွေ များတယ်။ အဲဒါတွေကို ထောက်ခံမဲ ထည့်ခိုင်းလိုက်တော့ မဲကွာသွားတာ။ ဒါတောင် သိပ်မကွာပါဘူး။ ထောက်ခံမဲ ၆ဝဝ ကန့်ကွက်မဲက ၄ဝဝ ကျော်၊ ပယ်မဲ ၂ဝ ၊ အဲလို ဖြစ်သွားတယ်”

“ကသာမြို့နယ်၊ ကချင်ပြည်နယ်”

ရပ်ကွက် ၅ တွင် နေထိုင်သူတဦး ပြောဆိုချက် ...

“ကသာ တမြို့လုံးနီးနီးက ထောက်ခံမဲ အရေအတွက်က များတယ်အကို။ မတရားဘူးလေ။ ရပ်ကွက် ၅ မှာဆို မဲရုံမှူးကျတဲ့ ကျောင်းဆရာမ ဒေါ်ဥမ္မာခင်က အမှန်ခြစ် ခြစ်ကြလို့ လာတဲ့သူတိုင်းကို ပြောတယ်။ သူကိုယ်တိုင်လည်း နားမလည်တဲ့ သူတွေကို အမှန်ခြစ် ခြစ်ပေးတယ်။ သေသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လွမ်းမနေကြနဲ့လို့လည်း ပြောသေးတယ်”

“ရပ်ကွက် ၆ ဥက္ကဋ္ဌ ဦးထွန်းလှ၊ ရပ်ကွက် ၄ ဥက္ကဋ္ဌ ဦးသန်းအေး၊ လုပ်ဖော်ကိုင်ဘက် ဦးထူးနဲ့ ရပ်ကွက် ၈ ဥက္ကဋ္ဌ ကိုဆန်းငွေက ကြိုတင်မဲ ကောက်တဲ့အချိန်မှာ တအိမ်တက် တအိမ်ဆင်း ကန့်ကွက်မဲထည့်ရင် ထောင်ဒဏ် ၃ နှစ်ချမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်ဗျ”

ဆက်လက်ဖတ်ရှုပါရန်...