Tuesday, May 6, 2008

ဘီဘီစီ သတင်းထောက် ပြန်ပို့ခံရ

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

ချင်းမိုင်။ ။ မြန်မာနိုင်ငံသို့ ၀င်ရောက်သည့် ဘီဘီစီ သတင်းထောက်တဦးကို စစ်အစိုးရက ရန်ကုန် လေဆိပ်မှပင် ပြန်လည် ပို့ဆောင်လိုက်သည်။

ဗြိတိန်နိုင်ငံသား အင်ဒရူး ၀ီလျံ ဖာဒေးသည် မေလ ၅ ရက်နေ့ နေ့လည်ပိုင်းတွင် ထိုင်းလေကြောင်းလိုင်း တီဂျီ ၃၀၆၉ ဖြင့် ၀င်ရောက်ရာ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှပင် ထိုင်းနိုင်ငံသို့ ပြန်လည် နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။

"အဆိုပါ BBC သတင်းထောက် မစ္စတာ အင်ဒရူး ၀ီလျံ ဖားဒေး သည် ကမ္ဘာလှည့် ခရီးသွား ဗီဇာဖြင့် အကြောင်းပြ ၀င်ရောက်ခဲ့သော်လည်း ဗီဇာ စည်းကမ်း ဖောက်ဖျက်ပြီး အဆိုပါ လုပ်ရပ်များကို လုပ်ဆောင်ခဲ့သောကြောင့် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခံရခြင်းနှင့် အမည်မဲ စာရင်း Black List သတ်မှတ်ထားခြင်း ခံရသူ ဖြစ်သည်။" ဟု အမ်အာတီဗီက ကြေညာသွားသည်။

သတင်းကြေညာချက်အရ အင်ဒရူးသည် ၂၀၀၆ ခုနှစ် ဇွန် ၆ ရက်မှ ၁၃ ရက်အထိ နှင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလများတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ဖူးသည်။

No comments: