Thursday, May 8, 2008

မုန်တိုင်းကြောင့် ဒေါ်စုအိမ် ပျက်စီးမှုရှိခဲ့ (Mizzima)

ရန်ကုန်။ ။ ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခေါင်မိုး အစိတ်အပိုင်းတချို့ ပျက်စီးသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခေါင်မိုး တချို့ ပျက်စီးသွားခဲ့ရပြီး အမြစ်မှ ကျွတ်သွားသော သစ်ပင်တပင်ကလည်း ခြံဝင်းတံခါးကို ပိတ်၍ ကျနေသည် ဟု တက္ကသိုလ် ရိပ်သာလမ်းနေ မျက်မြင်တစ်ဦးက မဇ္ဈိမသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။

"အိမ်ခေါင်မိုးတွေ ပျက်စီးသွားတာရယ် သစ်ပင် တပင်က အမြစ်ကနေ ကျွတ်ပြီး ခြံတံခါးပေါ် ပိတ်လဲကျနေတာ တွေ့တယ်။ စစ်တပ်က သစ်ပင်ကို လာရှင်းသွားပြီ " ဟု အမည်မဖော်လိုသူ တဦးက ပြောသည်။

"အစိုးရက သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့အိမ်ကို ပြန်ပြင်ပေးမယ်လို့ ကြားတယ်" ဟု သူက ထပ်ပြောသည်။

No comments: