ချင်းမိုင်။ ။ မုန်တိုင်းကြောင့် စက်ပစည်းများအတွင်းသို့ ရေ၀င်ကာ ပျက်စီး ဆုံးရှုံးခဲ့သဖြင့် အနည်းဆုံး နောက် ၂ ရက်ခန့်အထိ အင်တာနက် ပြတ်တောက်နေဦးမည် ဖြစ်သည်ဟု တာဝန်ရှိသူများ အပြောအရ သိရသည်။
"စက်ပစ္စည်းတွေက ရေတွေ ၀င်နေတာတွေကို အခုမှ လုပ်နေရတာ။ ဘယ်လောက် အထိပျက်သွားပြီး ဘယ်လောက် ကြာမယ်ဆိုတာကတော့ ညနေလောက်မှ သိရလိမ့်မယ်။ လုံးဝ ပြန်ကောင်းဖို့ကတော့ ၂ ရက် ၃ရက်လောက် ကြာအုံးမယ်" ဟု အမည်မဖော်လိုသူ ကမာအေးဘုရားလမ်းရှိ မြန်မာ့စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေးရုံး အရာထမ်းတဦးက ပြောသည်။
သတင်းစီးဆင်းမှု ထိန်းချုပ်လိုမှုနှင့် အခြေခံ အဆောက်အဦများ ညံ့ဖျင်းမှုကြောင့် ယခင်ကတည်းက ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့သည့် မြန်မာပြည်၏ အင်တာနက်မှာ စနေနေ့ နံနက်လင်းအားကြီးချိန် ကတည်းက လုံးဝ ပြတ်တောက်သွားခဲ့သည်။
အခြား အင်တာနက် ၀န်ဆောင်မှုပေးသော ပုံဂံ တယ်လီပေါ့တ် တဖြစ်လဲ မြန်မာတယ်လီပေါ့တ် အဆောက်အဦးတွင်လည်း ပျက်စီးမှု ရှိသည်ဟု ဒေသခံများ အပြောအရ သိရသည်။
သတင်းများ ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။
(Source-http://www.mizzimaburmese.com/content/view/1011/1/0
Monday, May 5, 2008
အင်တာနက် အနည်းဆုံး ၂ ရက် ပျက်ဦးမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment